နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ PDF Print E-mail
Monday, 22 December 2008 03:49

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို မဟာမဲခေါင်ဒေသတွင်း အန်ဂျီအိုများကွန်ယက် (MMN)က ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

ဒီဇင်ဘာ(၂၁)ရက်နေ့က ကျင်းပခဲ့သော အခမ်းနားတွင် လူ့အခွင့်ရေးကော်မရှင် အိုင်အယ်လ်အိုမှ တာဝန်ရှိသူများ၊ အာဆီယံဒေသတွင်း အလုပ်သမားရေးရာ အကြံပေးအရာရှိ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံဒေသပေါင်းစုံမှ နိုင်ငံတကာအင်ဂျီအိုအဖွဲ့စုံ၊ အလုပ်သမားအရေးဆောင်ရွက်သော သမဂ္ဂများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တစ်ထောင်ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။

ဤအခမ်းအနားတွင် ထိုင်းနိုင်ငံလူ့အခွင့်အရေး မဟာမင်းကြီးတစ်ဦးဖြစ်သူ မစ္စက် ခွန်ဆူနီက “ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းလုပ်ဆောင်သွားမယ် အချင်းချင်းအချိတ်အဆက်မိမိ ဆောင်ရွက်သွားရင် မဖြစ်နိုင်စရာမရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပြီး ရောက်ရှိလာသော မြန်မာအလုပ်သမားများကို တွေ့ဆုံနူတ်ဆက်အားပေးစကားများ ပြောကြားသွားခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသအခြေစိုက် အခြေခံလူထု လူ့အခွင့်အရေးပညာပေးဌာန (Grassroots HRE)မှ ဒါရိုက်တာ ဦးထူချစ်က “ကျနော်တိှု့ နှစ်စဉ်လုပ်လာသမျှ ဒီနှစ်အစည်ကားဆုံး ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေနဲ့ ကျနော်တို့တွေ ဟောပြောခြင်းထက် အလုပ်သမားတွေကိုယ်တိုင် ကိုယ့်အတွေ့အကြုံတွေကို ပြောပြစေပါတယ်။ ကျနော်တို့အဖွဲ့ကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ အခြေစိုက်ပေမယ့် မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ကွန်ယက်ဖြန့်ကျက်ပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်စောင့်ရှောက်ကူညီပေးပါတယ်။ အလုပ်သမားတွေရဲ့ ကလေးတွေကို ပညာသင်ကြားရေး အစီအစဉ်အပါအဝင် လူ့အခွင့်အရေး သင်တန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်ပေးမှုတွေ၊ ပညာပေးစာအုပ် စာစောင်အပြင် အလုပ်သမားတွေ သိသင့်သိထိုက်တာတွေကို စီဒီခွေတွေလုပ်ပြီး မြန်မာအလုပ်သမားတွေကို ဖြန့်ချိ ပညာပေးပါတယ်”ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာအင်ဂျီအိုများနှင့် မဲခေါင်မြစ်ဝှန်းဒေသအခြေစိုက် အလုပ်သမားအရေးဆောင်ရွက်ကြသည့် အဖွဲ့အစည်းပေါင်းစုံမှ ဟောပြောမှုများတွင် မြန်မာ၊ ကမ္ဘောဒီယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ ထိုင်းနိုင်ငံသို့လာရောက် အလုပ်လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အကျယ်တဝင့် ဟောပြော ဆွေးနွေခဲ့ကြသည်။

ဘန်ကောက်မြို့လယ် ခရစ်ယာန်ကျောင်းသား လူငယ်များစင်တာ ဝင်းခြံအတွင်းရှိ တီအေစီဒီဘီအဖွဲ့ ရုံးစိုက်ရာရှေ့တွင် အင်ဂျီအိုအဖွဲ့များနှင့် အလုပ်သမားအဖွဲ့များက အစားအစာနှင့် အလုပ်သမားများသိသင့်သိထိုက်သော အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပဒေစာအုပ်စာတမ်းများကို အခမ်းအနားသို့ လာရောက်ကြသူများသို့ အခမဲ့ ဝေငှခဲ့ကြသည်။

ထိုင်းအလုပ်သမားပြတိုက်မှ ဂီတဝါသနာရှင်များက တီးခတ်ဖျော်ဖြေပြီး မြန်မာနိုင်ငံမှ ရှမ်းတိုင်းရင်းသားရိုးရာအကနှင့် ကရင်ဒုံးရင်းအကများဖြင့် တက်ရောက်လာသူများကို ကပြခဲ့ကြရုံမက မြန်မာမျက်လှည့်ပညာရှင် မစ္စတာ TOPက မျက်လှည့်ပြကွက်များ ပြသဖျော်ဖြေခဲ့သဖြင့် ပျော်ရွှင်ဖွယ်ရာ ပွဲတော် တစ်ခုဖြစ်ခဲ့သည်။

နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ကို နေ့လည်(၁)နာရီမှ ညနေ(၇)နာရီထိ ကျင်းပခဲ့ကြသည်။