နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 8 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ဘန်ကောက်မြို့လယ် ဈေးကြီးအတွင်း မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ PDF Print E-mail
Saturday, 20 December 2008 08:47

ဘန်ကောက်မြို့လယ်တွင်ရှိသော (တလာဘောဘေး- Boe bae) ဈေးအတွင်း လည်ပင်းကို သေနတ်ဖြင့် ပစ်သတ်သဖြင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ပွဲချင်းပီးသေးဆုံးခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက်နေ့နံနက်၅ နာရီကျော်ခန့်က အဆိုပါဈေးတွင် ဈေးရောင်းသည့် မနန်းခူးမူး အသက်၂ဝ ရှိသူသည် ဈေးဆိုင်ဖွင့်ရန်လာခဲ့သည်။ ဈေးအတွင်းတွင် အမျိုးသားတစ်ဦး အနားကိုရောက်လာ၍ အချေအတင်စကားပြောဆိုခဲ့ကြပီး လူသတ်သမားက နန်းထူးမူး၏ လည်ပင်းကို သိုင်းဖက်လျှက် ယာဘက်လည်ပင်းကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

နယ်မြေပိုင်ရဲစခန်းမှတာဝန်ရှိသူက လူသတ်သမားကို ကိုးစားဖေါ်ထုတ်နေပါတယ်။ ဘယ်သူဖြစ်မလဲမသိ နိုင်သေးပါဘူး။ အလောင်းကို နစ်ထီဝစ် ပုလိပ်ဆေးရုံမှာထားပါတယ်ဟုပြောသည်။

ဤသေမှုသေခင်းအား လိုက်ပါဆောင်ရွက်နေသူ ဘန်ကောက်မြို့အခြေစိုက် ရွှေ့ပြောင်းကရင်အလုပ်သမား သမဂ္ဂ အတွင်းရေးမှူး ကိုစောသန်းဇော်က ကျနော် ဒီနေ့ရဲစခန်းကိုသွားပါမယ်နန်းခူးမူး အခန်းမှာ ပုလိပ်တွေဝင်ရှာတော့ သူ့သူငယ်ချင်းတွေနဲ့ရိုက်ထားတဲ့ ဓါတ်ပုံအယ်လ်ဘန်နဲ့ ဘတ်ငွေနှစ်ထောင်ကျော်ကို ပုလိပ်သိမ်း ဆည်းထားပါတယ်။ သူမကိုင်တဲ့ လက်ကိုင်ဖုန်းမှာလည်း မိန်းကလေးအမည်တွေနဲ့ လုပ်ငန်းရှင် လင်မယားဖုန်းနံပါတ်တွေသာ တွေ့ရပါတယ်။ အမှုမှန်ပေါ်ပေါက်အောင်နဲ့ တရားခံကို အမြန်ဆုံးဖမ်းနိုင်အောင် ကိုးစားနေကြပါတယ်ဟုပြောသည်။

သေးဆုံးသူ နန်ခူးမူးသည် ကရင်ပြည်နယ် ဘားအံမြို့နယ် မုကတိကျေးရွာမှဖြစ်သည်။ သူမတွင် မွေးချင်း ခြောက်ယောက်ရှိပီး အိမ်ထောင်မရှိသူဖြစ်ကြောင်း အဆိုပါဈေးဆိုင်တွင် ဈေးရောင်းအလုပ်ကိုလုပ်ကိုင် နေသည်မှာ(၂)နှစ် ရှိပီးဖြစ်ကြောင်း ကိုစောသန်းဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် စားဝတ်နေရေး ကျပ်တည်း၍ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ နည်းလမ်းအမျိုးမျိုးဖြင့် ရရာလမ်းမှဝင်ရောက်၍ အလုပ်လုပ်ကိုင်နေကြရသော ရွှေ့ပြောင်းမြန်မာအလုပ်သမားများတို့သည် လုပ်ငန်းရှင်များ၏ သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုငါးဖမ်းလှေခေါင်းဆောင်များ၏ အကြောင်းမဲ့ သတ်ဖြတ်မှုတို့ကြောင့် နေရာတိုင်းတွင် နေစဉ်သေဆုံးနေကြကြောင်း သိရှိရသည်။