နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 5 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လုပ်ငန်းရှင်က အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်)အတု လုပ်ပေးထား၍ အလုပ်သမားများ ထောင်ဒဏ်ချမှတ်ခံရ PDF Print E-mail
Wednesday, 17 December 2008 08:51

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဖလန်ဆောင်နယ်မြေအတွင်း ပိုက်ဆံအိတ် အမျိုးမျိုးချုပ်လုပ်သော စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမားများအား ယမန်နေ့က အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်)အတု ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်သည်။

အသက်၁၅နှစ်မှ ၁၈နှစ်အတွင်း အမျိုးသမီး အလုပ်သမား (၁၃) ဦးနှင့် အမျိုးသား အလုပ်သမား(၂) ဦးတို့အား ဘန်ကောက်မြို့  အယ်ကရှိုင်းလမ်းရှိ ၀ပ်စင်ဘုန်းကြီးကျောင်းအနီး စံထော်ဘူလီတရားရုံးမှ ယမန်နေ့ နေ့လည်က ထောင်ဒဏ် (၄)နှစ်နှင့် (၆) လချမှတ်လိုက်သည်။

သမီးငယ် ထောင်ချခံလိုက်ရသော မိခင် ဒေါ်အေးခိုင်က “မနေ့ကထောင် ၄နှစ်ခွဲချလိုက်ပါတယ်။ ကျမတို့လည်း ဘယ်သူ့ကို အကူအညီတောင်းရမယ်မှန်း မသိဘူးလေ။ သူဌေးတော့ ဘာမှမဖြစ်ပါဘူး။ ဘန်ဘော်စံ ထောင်မှာလို့တော့ ကြားတယ်။ သူဌေးကို ကျမတို့ နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်)လုပ်ခ တစ်ယောက်ကို ဘတ်ငွေ (၆၀၀၀)ပေးရတယ်။ ပုလိပ်ဖမ်းတော့လည်း ရှင်းမပေးဘူး။ ခုတော့ ကျမသမီးတို့ ထောင်ကျခံနေရပြီ” ဟုပြောသည်။

ဇနီးဖြစ်သူ ထောင်ကျခံလိုက်ရသော ကိုအောင်အောင်က “ကျနော်တို့လည်း သူ့ဆီမှာ ဘတ်လုပ်ထားတယ်။ အခုမှ ကျနော်တို့ အလိမ်ခံရမှန်း သိတော့တယ်။ ဒုက္ခပါပဲ။ နေရင်း ထိုင်ရင်း ဘတ်အတုနဲ့ မလုံမခြုံ ဖြစ်သွားရပြီ။ လေးနှစ်ခွဲ ဆိုတာ နည်းတဲ့ အချိန်မှ မဟုတ်တာ။ အတုလုပ်ပေးတဲ့သူဌေး ဘာမှမဖြစ်ဘဲ ကျနော်တို့ အလုပ်သမားတွေပဲ ထောင်ကျခံရတယ်။ ကူညီနိုင်တဲ့လူတွေကို ဆက်သွယ်ပေးကြပါဗျာ” ဟုပြောသည်။

အဆိုပါ ပိုက်ဆံအိတ် အလုပ်ရုံသို့ ပြီးခဲ့သည့် အောက်တိုဘာလ (၂၈)ရက်နေ့က ထိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် ထိုင်းပုလိပ်များ စီးနင်းဝင်ရောက်၍ တရားမ၀င် အလုပ်သမား (၄၀)ကျော် တို့အား ဖမ်းဆီးခဲ့သည်။ ထိုအထဲတွင် မြန်မာ (၁၅) ယောက်နှင့် ကျန်လူများမှာ လာအိုလူမျိုးများ ဖြစ်ကြသည်။

ထောင်ချခံနေရသော မြန်မာအလုပ်သမားများအားလုံးမှာ ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများဖြစ်ကြသည်။

ယခုအခါ ၄င်းအလုပ်ရုံတွင် မြန်မာအလုပ်သမားများကို လက်မခံတော့ကြောင်း သိရှိရသည်။