|
Who's Online
We have 7 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူများအား တင်ဆောင်လာသော ကားတစ်စီးတိမ်းမှောက်သဖြင့် ခရီးသည်များသေဆုံး |
|
|
|
|
Monday, 15 December 2008 08:55 |
|
ယနေ့နံနက်က ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီ အန်ဖေစိုင်ယုတ်အနီးတွင် အလုပ်သမားခရီးသည်များတင် ဆောင်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာများသေးဆုံးခဲ့ပြီး တချို့ကိုဆေးရုံတင်ထားရကြောင်း သိရသည်။ ယနေ့နံနက်(၆)နာရီကျော်ခန့်က မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ မောင်းနှင်လာသော ကားတစ်စီးအား ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ လိုက်လံတားဆည်းစဉ် ကားကိုရပ်မပေးဘဲ မောင်းပြေးခဲ့သဖြင့် ကားမောင်းသမား ထိုင်းလူမျိုးတစ်ဦးနှင့် မြန်မာ(၇)ဦး ပေါင်း လူ(၈)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။
မျက်မြင်သက်သေ ထိုင်းစစ်သား ဖိပန်ယာက “လူ၈ယောက်သေဆုံးတယ် လမ်းဘေး ချောက်ထဲကျသွားပြီး မှောက်တာပါ၊ အခြားခရီးသည် (၈)ဦးမှာလည်း အတွင်းလူနာအဖြစ် ကန်ချနဘူရီခရိုင် စိုင်ယုတ်ဆေးရုံမှာ ဆေးဝါးကုသမှုခံနေရပါတယ်”ဟု ပြောသည်။ ခရီးသွားလုပ်ငန်း အပန်းဖြေစခန်းတွင် အလုပ်လုပ်သော ဒေသအခြေစိုက် မဖြိုးဖြိုးက “တောမောတွေက ကားကိုလိုက်တားတယ်။ ကားကိုမောင်းပြေးလို့ အရှိန်လွန်ပြီးမှောက်သွားတယ်ပြောပါတယ်။ ယောက်ျားဘယ်လောက် မိန်းမဘယ်လောက်ဆိုတာတော့ အတိအကျမသိရသေးပါဘူး”ဟု ပြောသည်။ ကားမောင်းသူမှာ ဗမာဟုပြောသဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က သေချာစီစစ်မေးမြန်းနေကြောင်း သိရသည်။ |
|