နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ ဂုဏ်ပြု သွေးလှူ PDF Print E-mail
Monday, 15 December 2008 03:41

ဒီဇင်ဘာ၁၈ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဘန်ကောက်မြို့ ချူလာ ဗဟိုအမျိုးသားသွေးလှူဘဏ်တွင် သွေးလှူဒါန်းပွဲတစ်ရပ်ကို မနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြသည်။

ယခုသွေးလှူပွဲကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ရခိုင်အလုပ်သမားသမဂ္ဂတို့က ဦးဆောင်ခဲ့ပြီး အလုပ်သမား(၅၀)ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။

သွေးလှူပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့(ဘန်ကောက်)မှ ကော်မီတီဝင် ကိုအောင်မြင့်သိန်းက “အလုပ်သမားတွေအပေါ်မှာ တချို့ထိုင်းလူမျိုးတွေ အမြင်မရှင်းလင်းကြဘူး။ ကျနော်တို့စေတနာ မနည်းတဲ့အကြောင်းပြတာပါ။ ကိုယ်ဝန်ရှိကြသူတွေနဲ့ ညအိပ်ရေးပျက်ထားသူတွေ ဆယ်ယောက်လောက် မလှူခဲ့ရပါဘူး” ဟုပြောသည်။

ရခိုင်အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူ ကိုဥက္ကာက “ကျနော်တို့ တစ်ပတ်လောက်ကစပြီး လက်ကမ်းစာရွက်တွေ ဖြန့်ထားခဲ့ပါတယ်။ သွေးလှူမယ့်လူတွေ ညအိပ်ပျက်မခံဖို့ အားရှိတဲ့ အစားအစာတွေစားထားဖို့ပေါ့။ ရောင်ခြည်ဦးကတော့ ဒီအကြိမ်ပါဆိုရင် ဘန်ကောက်မှာ လေးကြိမ်းဖြစ်ပြီပေါ့။ ကျနော်တို့သမဂ္ဂ အနေနဲ့ကတော့ ပထဆုံး အကြိမ်ပေါ့ဗျာ” ဟု ပြောသည်။

ဘန်ကောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် နီးစပ်ရာ အဖွဲ့အစည်းများ၏ ဦးဆောင်မှုဖြင့် ထိုင်းဘုရင်မွေးနေ့၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ အပါအ၀င် မြန်မာနိုင်ငံ၏ အရေးကြီးသော နေ့ရက်များတွင်လည်း စေတနာထက်သန်စွာဖြင့် မိမိတို့လုပ်အားခငွေများကို စရိတ်ပြုလျှက် ဘန်ကောက်မြို့ ချူလာ ဗဟိုအမျိုးသားသွေးလှူဘဏ်တွင် သွေးလှူဒါန်းလေ့ ရှိကြသည်။