|
Who's Online
We have 9 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
အဖမ်းဆီးခံ ဖိနပ်အလုပ်ရုံမှ မြန်မာအလုပ်သမားအချို့ ပြန်လည်လွတ်မြောက် |
|
|
|
|
Friday, 12 December 2008 02:30 |
|
လွန်ခဲ့သောရက်ပိုင်းက ဖမ်းဆီးခံခဲ့ရသော aerosoft ဖိနပ်ရုံမှ မြန်မာအလုပ်သမားအချို့အား လုပ်ငန်းရှင်မှ ငွေပေး၍ ရွေးထုတ်ခဲ့သည်။ စက်တင်ဘာ(၉)ရက်နေ့က ဖမ်းဆီးခံခဲ့ရသော စမူပါကန် ဘန့်ချလုံ ဘန့်ဖိယိုင် ဖိနပ်စက်ရုံမှ အလုပ်သမား၂၀၇ ဦးအား လုပ်ငန်းရှင်မှ ဘတ်ငွေ၁၂သိန်းဖြင့် ပြန်ရွေးထုတ်ခဲ့သည်။အသက်ကြီးသူများနှင့် ထိုင်ဘာသာစကားကျွမ်းကျင်သူ ၅၈ ဦးကို စမူပါကန် ပါနန်းရဲစခန်းတွင် ဆက်လက် ဖမ်းဆီးထားလိုက်သည်။
၎င်းစက်ရုံတွင် အလုပ်လုပ်နေသူ ကိုကျော်စိုးပိုင်က “ညနေခြောက်နာရီလောက်မှာပြန်လွှတ်ပေးတယ်။ သူဌေးက ဘတ်၁၂သိန်းနဲ့ရွေးလိုက်တယ်ပြောတယ်။ တော်တော်အံ့သြဖို့ကောင်ပါတယ်။ အခြားအလုပ်သမား ၅၈ ယောက်ကိုတော့ ပြန်မလွှတ်သေးဘူး။ နောက်ဘာဖြစ်လာမလဲတော့မသိဘူး။ အခုပါနန်းရဲစခန်းမှာပဲရှိသေးတယ်။ လမ်းမှာဖမ်းပြီး ငွေညှစ်တောင်းတာ ထိုင်းပုလိပ်တွေလုပ်ရိုးလုပ်စဉ်ပဲလေ။ ခုဟာက တောမောတွေလဲပါတယ်။ ရဲစခန်းအပြင်မှာ ငွေနဲ့ညှိလို့ လွှတ်လိုက်တယ်။ နောက်ဒီမှာရှိနေတဲ့လူတွေ ကျီးလန့်စာစားဖြစ်နေပါတယ်။ သူဌေးရွေးလိုက်တဲ့ငွေကို ဘယ်လိုလုပ်မလဲတော့မသိသေးဘူး။ ကျနော်တို့လည်း လစာမထုတ်ရသေးဘူး။ လူတွေမှာလည်း ဘတ်မရှိဘူး။ အားလုံးဘာဖြစ်လာမလဲလို့ စိတ်ပူနေကြပါတယ်” ဟုပြောသည်။ ဘန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင်တွင် အချို့နေရာများတွင် အလုပ်ရုံအချို့သည် အလုပ်သမားလျှော့ချခြင်း၊ အလုပ်ရုံပိတ်ခြင်း၊ တစ်ပါတ်ကို လေးရက် ငါးရက် လုပ်ခြင်း၊ အလုပ်သမားများကို ဖြုတ်ပစ်ခြင်းများ ဖြစ်ပေါ်နေသဖြင့် မြန်မာရွေ့ပြောင်းအလုပ်သမားများအတွက် စိုးရိမ်စရာဖြစ်နေသည်။ |
|