နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ဘန်ကောက်မြို့ ဖိနပ်စက်ရုံတစ်ရုံ ထိုင်းပုလိပ်ဝင်ဖမ်း PDF Print E-mail
Tuesday, 09 December 2008 08:20

ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ စမူပါကန်ဘန်ဖိယိုင် ဘန့်ချလုံရှိ aerosoft ဖိနပ်စက်ရုံရှိ မြန်မာအလုပ်သမားများကို ထိုင်းပုလိပ်များ ၀င်းရောက်ဖမ်းဆီးလိုက်သည်။

နံနက် ၁၀ နာရီခန့်မှစ၍ ထိုင်းပုလိပ်မျာ စီးနင်းဝင်ရောက်ဖမ်းဆီးသဖြင့် မြန်မာအလုပ်သမား ၃၀၀ ခန့် အဖမ်းခံရသည်။ အဖမ်းခံရသူများထဲတွင် မိန်းကလေးအလုပ်သမားအများစုဖြစ်ပြီး အလုပ်လုပ်ကိုင်နေထိုင်ခွင့်(ဘတ်)ရှိသူ   ၂၀၀နီးပါးကိုမူ ချန်ထားခဲ့သည်။

ဘတ်ရှိ၍ လွတ်မြောက်ကျန်နေခဲ့သူ အလုပ်သမားကိုကျော်စိုးပိုင်က “ကျနော်က ညဆိုင်းဆင်းတယ်လူတွေ ရုန်းရင်းဆန်ခတ် ထွက်ပြေးသံကြားလို့ ကျနော်နိုးလာတာ ပုလိပ်ကားကြီးသုံးစီးနဲ့ ၀င်ဖမ်းတာ ထွက်ပေါက်ရှိ တဲ့နေရာတွေ ကျနော်အော်ပြောလို့ မနည်းလွတ်သွားတယ်”ဟု ပြောသည်။

ဘတ်မရှိသော်လည်း သစ်သားသေတ္တာထဲတွင် ပုန်းအောင်း၍ လွတ်မြောက်ကျန်နေခဲ့သော မွန်ပြည်နယ်၊ မုပ္ပလင်သူ မဝေမာက "တောမောပုလိပ်တွေဝင်လာတယ် ဘတ်ရှိတဲ့လူတွေကိုချန်ထားပြီ ဘတ်မရှိတဲ့လူတွေကို ခေါ်ထုတ်တယ် ကျမလည်းအစောင့်ကို အကူအညီတောင်းပြီး သစ်သားသေတ္တာထဲ ၀င်ပုန်းနေလိုက်လို့ လွတ်သွားတာပါ။ ကျမယောက်ျားလည်း သံဆူးကြိုးကိုမပြီး ထွက်ပြေးလို့ လွတ်သွားတယ်။ ဒါပေမယ့် ခုကျမနဲ့ မတွေ့ရသေးဘူး။ ကျမထင်တယ် ပုန်းနေခဲ့တဲ့သူတွေနဲ့ ခြံဖေါက်ပြီးပြေးတဲ့လူတွေပါဆိုရင် ရှစ်ဆယ် ကိုဆယ်လောက် လွတ်သွားတယ်ထင်ထယ်” ဟုပြောသည်။

အလားတူ ပုန်းအောင်းလွတ်မြောက်ခဲ့သူ တောင်ကြီးရှမ်းအမျိုးသမီ အန်တီငွေကလည်း “ကျမတော့ စက်ခုံတွေအောက်ကို ၀င်းပြီးပုန်းနေလို့ လွတ်သွားတယ်။ ကျမတူမတစ်ယောက်ပါသွားတယ်။ အဖမ်းခံရသူတွေက မွန်၊ ကရင်နဲ့ ဗမာတွေများတယ်ဆိုတော့ သူတို့တွေက မဲဆောက် မြ၀တီနယ်စပ်ကို ရောက်ပေမယ့်ကိစ္စမရှိဘူးပေါ့နော်။ ကျမတူမကျတော့ အဲဒီမှာ အသိလည်းမရှိ မယ်ဆိုင်ဘက်ကို ပိုအောင်ဘယ်လို အကူအညီပေးနိုင်ကြမလဲနော်”ဟု ပြောသည်။

ဘတ်မရှိဘဲ ကျန်နေခဲ့သော အလုပ်သမားများ ရှောင်တိမ်းနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ကိုကျော်စိုးပိုင်က “နေ့လည်တစ်နာရီလောက်မှာ ကျန်နေခဲ့တဲ့အလုပ်သမားတွေကို စာရေးမတွေက အလုပ်ပြန်ဆင်းခိုင်းနေတယ် သူတို့တွေကို ဘယ်သူကတာဝန်ယူဖြေပေးမှာလဲ တစ်ချို့ကို ကျနော်တားလို့ ရတဲ့သူတွေ မဆင်းပေမယ့် အချို့ဆင်းသွားကြတယ် နှစ်နာရီလောက်မှာ ပုလိပ်တစ်ယောက် ဆိုင်ကယ်နဲ့ ရှေ့ပြေးလာတယ် ၀င်ဖမ်းအုံးမယ်ထင်တယ်ဗျာ ကျနော်တို့ ညဆိုင်းသမား ကိုးဆယ်လောက်တော့ အဖမ်းမခံလိုက်ရဘူး” ဟုပြောသည်။

ဖိနပ်ရုံမှ အလုပ်သမားများအားလုံး တစ်ပတ်စာလုပ်အားခ မထုတ်ရသေးကြောင်း ယခင်က ပုလိပ်ဖမ်းတာမရှိဖူးကြောင်း ယခုဖမ်းဆီးခြင်းမှာ လုပ်ငန်းရှင်မှ တဖက်လှည့်ဖြင့် အလုပ်သမား လျော့ချခြင်းဖြစ်နိုင်ကြောင်း စက်ရုံအလုပ်သမားများက ယူဆနေကြသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း(BAT)စည်းရုံးရေးမှူး ဒေါ်သက်သက်ဦးက “ကျမတို့အသင်းမှာ ကိုယ်ထူကိုယ်ထ save house အခန်း တစ်ခန်းရှိတာပေါ့နော်၊ အဲဒီမှာ ဆန့်သလောက်ထားပေးမယ်။ ဘေးကအခန်းကိုလည်း အကူအညီတောင်းပြီးထားပေးမယ်။ သူတို့ အလုပ်အကိုင် အဆင်ပြေတဲ့အချိန်ထိပေါ့ တတ်နိုင်သလောက်တော့ အကူအညီပေးမှာပါ”ဟု ပြောသည်။

ကမ္ဘာစီးပွားရေးကျဆင်းမှုနောက်ပိုင်း ထိုင်းနိုင်ငံသည်လည်း စီးပွားရေးကျဆင်းလျှက်ရှိရာ ထိုင်းနိုင်ငံအ၀ှန်း နေရာအတော်များများတို့တွင် အလုပ်သမားများ အလုပ်ထုတ်ခံရခြင်းများ ကြားသိနေရသည်။