နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ဘန်ကောက်မြို့  မော်တော်ဆိုင်ကယ်အလုပ်ရုံတွင် မြန်မာအလုပ်သမားများ အလုပ်ထုတ်ခံရ PDF Print E-mail
Tuesday, 09 December 2008 07:54

ကိုကျော်သောင်း

ဘန်ကောက်မြို့ ဖလန်ဆောင်နယ်မြေ တန်ဘော်ရပ်ကွက် ချန်တလေ ၂၆ Kလမ်းရှိ KTFM မော်တော်ဆိုင်ကယ် ပစ္စည်းစက်ရုံတွင် မြန်မာအလုပ်သမား၂၅ ယောက်ကို အလုပ်မှ ထုတ်ပယ်လိုက်သည်။

အလုပ်ထုတ်ခံရသူ မအ၀န်က “ကျမတို့ကို (၄)ရက်နေ့က အစည်းအဝေးခေါ်တယ် ပြီးတော့ ထိုင်းနိုင်ငံစီးပွားရေးကျလို့ ပြောပါတယ်။ အလုပ်ထုတ်လို့ နစ်နာကြေးပေးရမယ်လို့ပြောတော့ မန်နေဂျာက နင်တို့လခစားတွေမဟုတ်ဘူး နေ့စားတွေဖြစ်တာကြောင့် မပေးနိုင်ဘူးလို့ ပြောပါတယ်။ ပိုဆိုးတာက ထောလောစံပက်ထပ်နိန်လို့ခေါ်တဲ့ ဘတ်စာရွက် ဒီနှစ်စာရွက်ကိုမပေးဘဲ အရင်နှစ်ကအဟောင်းကို ပေးတယ်။ ဒီကိစ္စကို ကျမတို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းကို အကူအညီတောင်းထားပါတယ်။ လောလောဆယ် ကျမတို့ အလုပ်သစ်ရှာရ ခက်နေပါတယ်”ဟု ပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်းမှ တာဝန်ရှိသူ ဒေါ်သက်သက်ဦးက“ထောလောစံပက် ထပ်နိန်လို့ခေါ်တဲ့ အလုပ်လုပ်ကိုင်ခွင့် စာရွက်အစစ်ရရှိနိုင်အောင် ကျမတို့လုပ်ပေးနိုင်မှာပါ။ ထိုင်းအလုပ်သမားဥပဒေအရ စာရွက်စာတမ်းအပြည့်အစုံနဲ့ ရက်ပေါင်း၁၂၀ လုပ်ခဲ့တဲ့ အလုပ်သမား တစ်ယောက်ကို လုပ်ငန်းရှင်က အလုပ်ထုတ်မယ်ဆိုရင် ရက်ပေါင်းသုံးဆယ် ကြိုတင်အသိပေးရပါမယ်။ ပြီးတော့ အလုပ်သမားကို  နစ်နာကြေးအဖြစ် တစ်လစာထုတ်ပေးရပါတယ်။ အလုပ်သမားတစ်ယောက် အဲဒီအလုပ်ရုံမှာ ဘယ်လောက်လုပ်ခဲ့သလဲဆိုတဲ့ အပေါ်မှာ ပုံသေပြဌာန်းထားတဲ့ နှုန်းထားတွေရှိပါတယ်။ အရင် ထိုင်းနိုင်ငံစီးပွားရေးပုံမှန်လည်ပတ်တုန်းက အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် ကျမတို့ ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ ခုဟာက စီးပွားရေး ကပ်ဆိုက်နေတဲ့အချိန်ဆိုတော့ ကျမတို့နဲ့လက်တွဲ လုပ်နေကြတဲ့ ထိုင်းမိတ်ဆွေအဖွဲ့တွေအနေနဲ့ ဘယ်လိုကူညီဖြေရှင်ပေးမလဲတော့ မသိသေးဘူး”ဟုပြောသည်။

၂၀၀၇ကုန်ခါနီး ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ပြည်ပထုတ်ကုန်အဓိကထုတ်လုပ်သော ထိုင်းနိုင်ငံလည်း စီးပွားရေးကျဆင်းလာခဲ့သည်။ ထိုင်းနိုင်ငံအ၀ှန်း ဒေသပေါင်းစုံတွင် အလုပ်လုပ်နေကြသော မြန်မာအချို့ အလုပ်ထုတ်ခံနေရကြောင်း ကြားသိနေရသည်။ နိုဝင်ဘာလကလည်း ဘန်ကောက်မြို့ ဖလန်ဆောင်လမ်း(၂၀)ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမား(၄၀)ခန့် အလုပ်ထုတ်ခံခဲ့ရသည်။