နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 8 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ဆောင်းပါးများ
တရားမ၀င်တဲ့ လူသားဆိုတာ ရှိရဲ့လား PDF Print E-mail
Thursday, 08 July 2010 00:00

သက်သေခံ လက်မှတ်မရှိတဲ့ လူသားတွေအတွက် ထိုင်းနိုင်ငံက စာနာပေးရန် တောင်းဆိုပါသည်။

မြန်မာတွေအတွက်အတွက် ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ ဘ၀ဟာ သိပ်တော့ လွယ်ကူလှသည် မဟုတ်ချေ။ ဒါပေမယ့် အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေ အသစ်က ပိုပြီး ခက်ခဲစေပါသည်။ ၂၀၁၀ ခု ဇွန်လ ၂ ရက် နေ့မှာ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝက တရားမ၀င်အလုပ် လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို နှိမ်နှင်း၊ ဖမ်းဆီး၊ အပြစ်ပေးနိုင်ရန် အထူးစင်တာ တစ်ခုကို တည်ထောင်လိုက်သည်။

Read more...
 
ဒါလား... လူတန်းစား တိုက်ပွဲ... PDF Print E-mail
Wednesday, 12 May 2010 07:47

kraisakပြီးခဲ့သည့် လပိုင်းအတွင်း ထိုင်းနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများသည် တောနေလူတန်းစာများအား ဥပေက္ခာပြုခဲ့မှုကြောင့် မြို့နေ လူ့မလိုင် အထက်တန်းစားများနှင့် ဆင်းရဲသားများအကြား ဖြစ်ပွားခဲ့သည့် လူတန်းစားတိုက်ပွဲဟု နိင်ငံတကာ သတင်းမီဒီယာများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။ အနီဝတ် ဆန္ဒပြသူများ အသုံးပြုနေသည့် လူတန်းစား တိုက်ပွဲဆိုသည်မှာ လိမ္မာပါးနပ်စွာဖြင့် အများပြည်သူ စိတ်ဝင်စားမှုရအောင် အသုံးပြု ကြွေးကြော်သံသာဖြစ်ပြီး အမှန်တကယ် ဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေကို ရောင်ပြန်ဟပ်မှု မရှိပေ။ ထို့အတူ ဆင်းရဲသူနှင့် ချမ်းသာသူများအကြား ဖြစ်ပွားနေသည့် အတွေးအခေါ် တိုက်ပွဲသည် အလွယ်တကူဖြင့် ပုံသေကားချပ် ဖြေရှင်းလို့ ရမည်မဟုတ်ပေ။

Read more...
 
အလုပ်ရှာဖွေသည်နှင့် ပတ်သက်ပြီး သိထားသင့်သည်များ (အပိုင်း ၃) PDF Print E-mail
Friday, 02 April 2010 06:38

မည်သည့်အခါမျှ သင့်အထက်အရာရှိကို မပြောသင့်သော အကြောင်းအရာ (၇)ခု

“ဒီဟာက ကျွန်တော့်နဲ့ ဆိုင်တဲ့အလုပ်မဟုတ်ဘူး။” ဤစကားကို မိမိ၏ အထက်အရာရှိအား မည်သည့်အခါမျှ မပြောသင့်ပေ။ မည်သည့် အလုပ်တွင်မဆို မိမိနှင့် မသက်ဆိုင်သော်လည်း အခြေအနေ၊ အချိန်အခါ လိုအပ်ချက်အရ လုပ်ကြရသည်များရှိသည်။ ထိုသို့ တာဝန်ပေးအပ်လာသည်ကို ငြင်းဆန်လျှင် မိမိကိုယ် တာဝန် မသိတတ်သူ၊ အဖွဲ့အတွက် အလေးမထားသူဟု သတ်မှတ်သွားတာကို ခံရပေလိမ့်မည်။ ထိုအခြေအနေမျိုးတွင် အတတ်နိုင်ဆုံး၊ စိတ်ရော ကိုယ်ပါ ဝိုင်းဝန်း လုပ်ဆောင်ရပါမည်။ မိမိ တတ်ကျွမ်းသော အရည်အချင်းနှင့် မလုပ်နိုင်သော ကိစ္စဖြစ်လျှင်မူ မည်သူက ထိုအရည်အချင်းနှင့် ပြည့်စုံသည်။ ထို့ကြောင့် ထိုသူကို တာဝန်ပေးသင့်ပြီး မိမိကလည်း လိုအပ်သည်များအားလုံးကို လိုက်ပါ လုပ်ဆောင်မည့်အကြောင်းကို အထက်မှ တာဝန်ခံအား ဆွေးနွေးသင့်သည်။ သို့မှသာ မိမိသည် တာဝန် လက်ရှောင်လိုသူ မဟုတ်ပဲ အဖွဲ့အတွက် လိုအပ်သော အလုပ်များကို မိသားစုစိတ်ဓါတ်နှင့် ဝိုင်းဝန်းလုပ်မည့်သူဟု အသိအမှတ်ပြု ခံရပေလိမ့်မည်။

Read more...
 
အလုပ်ရှာဖွေသည်နှင့် ပတ်သက်ပြီး သိထားသင့်သည်များ (အပိုင်း ၂) PDF Print E-mail
Thursday, 01 April 2010 00:00

အင်တာဗျူးလုပ်သည့်အခါ ကြုံရတတ်သော လှည့်ထားသည့် အမေးများကို ပြင်ဆင်ရာတွင်

မင်းအကြောင်းကို ပြောပါဆိုလျှင် အလုပ်နှင့်သက်ဆိုင်သော မိမိ၏ အရည်အချင်းများနှင့် ပညာရေးအကြောင်းများ၊ အတွေ့အကြုံများကို ပြောပြပါ။ အားလုံးသည် လျှောက်ထားသောအလုပ်နှင့် သက်ဆိုင်သည့် အရာများ ဖြစ်စေရမည်။ မည်သည့် အခါမျှ မိမိနောက်ကြောင်း ပြန်မပြောနေရပေ။ မိမိအား ဘဝပုံပြင်ပြောရန် ခေါ်ခြင်းမဟုတ်ပါ။

ဒီအလုပ်အကြောင်း မကောင်းတာကြားထားတာ တခုခုလောက် ပြောပါလားဆိုလျှင် မိမိကြားထားသော အတင်းအဖျင်းများကို ပြန်မပြောနေရပေ။ ထိုအကြောင်းများကို မပြောပဲ မကောင်းတဲ့ အလုပ်မှာ မိမိ ဘယ်လျှောက်မှာလဲ ဆိုသည့် အဖြေမျိုးနှင့် ဝိပါတ်လွတ် ဖြေကြားသင့်သည်။

Read more...
 
အလုပ်ရှာဖွေသည်နှင့် ပတ်သက်ပြီး သိထားသင့်သည်များ (အပိုင်း ၁) PDF Print E-mail
Sunday, 28 March 2010 00:00

အလုပ်ရှာတဲ့အခါ

ကိုယ်လျှောက်မဲ့ အလုပ်ဟာ ကိုယ်လုပ်နိုင်တဲ့ အလုပ်ဟုတ်၊ မဟုတ်ကို စုံစမ်းမှုလုပ်ပါ။ လျှောက်မဲ့အလုပ်နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက်တွေကိုလည်း ကြိုပြီးသိအောင် စုံစမ်းထားနိုင်လေ ကိုယ့်အတွက် အကျိုးရှိလေ ဖြစ်ပါလိမ့်မယ်။ တချို့အလုပ်တွေက လခတော့ ကောင်းချင် ကောင်းပါလိမ့်မယ်။ ကိုယ့်အတွက် အန္တရာယ်ရှိတဲ့ အလုပ်တွေ ဖြစ်နေရင် ဒီအလုပ်မျိုး သွားလုပ်လို့က ကိုယ်ဒုက္ခ ရောက်ပါလိမ့်မယ်။ မြန်မာလူမျိုး သင်္ဘော ဒုအရာရှိတယောက်က မလေးရှား သင်္ဘောတခုမှာ အလုပ်ရလို့ သွားလုပ်ပါတယ်။ ဒီသင်္ဘောက မှောင်ခိုပစ္စည်းတွေကို ပစိဖိတ်ထဲက ကျွန်းနိုင်ငံလေးတခုကို ခိုးသွင်းတာကို တရားဝင် သွင်းကုန်တွေ သွင်းတာနဲ့ အတူလုပ်ပါတယ်။ မကြာသေးခင်က စစ်ဆေးရာမှာ တွေ့သွားတော့ ဒီအရာရှိကော၊ နောက် သူ့အထက်က တယောက်ကော သင်္ဘောနဲ့ အတူတူ အဖမ်းခံရပါတယ်။ သင်္ဘောကုမ္ပဏီက သင်္ဘောအတွက် လာဘ်ထိုးပြီး သင်္ဘောပြန်ရွေး သွားပြီးတော့ ဒီအမှုကို ကပ္ပတိန်နဲ့ ဒုကပ္ပတိန်တို့ကို အမှုပုံချခဲ့တော့ အဲဒီ့ မြန်မာအမျိုးသား ဒုကပ္ပတိန်ဟာ တခြားနိုင်ငံသား ကပ္ပတိန်နဲ့အတူတူ ထောင်ကျခံနေရပါတယ်။ ဒါ့ကြောင့် ကိုယ်လျှောက်တဲ့ အလုပ်က ကိုယ့်ကို အန္တရာယ်ပေးမဲ့ အလုပ်လား ဆိုတာကို သေသေချာချာ စုံစမ်းလေ့လာပြီးမှ လျှောက်တာက ကိုယ့်အတွက် ပိုကောင်းပါလိမ့်မယ်။

Read more...
 
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>

Page 1 of 11