ကျွန်တော်တို့ဘယ်သူတွေလည်း
|
Grassroots နှင့် ပတ်သက်၍ လုပ်ငန်းရည်မှန်းချက် အဓိက ရည်မှန်းချက်မှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လုံခြုံစိတ်ချပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရန် ဖြစ်သည်။ တိကျသည့် ရည်မှန်းချက် (၃)ချက်မှာ ------- (၁) ဖန်ငပြည်နယ် တကွန်ပါခရိုင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးများအား ပညာသင်ပေးရန်။ (၂) ဖန်ငပြည်နယ်ရှိ မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်လာစေရေးနှင့် လုံခြုံ စိတ်ချပြီး ဥပဒေအရ ကာကွယ် စောင့်ရှောက်မှုရှိသည့် ပတ်ဝန်းကျင်တခု ထူထောင်းပေးရန်။ (၃) မြန်မာနှင့် ထိုင်းလူမှု အသိုင်းအ၀ိုင်းအား ချစ်ကြည်ရေး ပေါင်းကူးပေးရန် တို့ဖြစ်ပါသည်။ ကျနော်တို့ ဘယ်သူတွေလဲ ကျနော်တို့လို့ ဆိုရာမှာ မြန်ပြည်သား ဆရာ၊ ဆရာမများ၊ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်သူများ၊ လူမှုရေး လုပ်သားများ၊ ကျန်းမာရေး လုပ်သားများနှင့် ရွှေ့ပြောင်း အလုပ်သမားများဖြင့် ပေါင်းစု ဖွဲ့တည်ထားသည့် အခြေခံ လူမှုအလွှာ ကော်မတီ (Grassroots Committee) ပင် ဖြစ်သည်။ ဘယ်သူ့အတွက် လုပ်နေတာလဲ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ ကလေးများအတွက် ကျနော်တို့ လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။ (လတ်တလောစီမံကိန်းများတွင်ကြည့်)
|