|
လတ်တလောစီမံကိန်းများ ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငပြည်နယ်တွင် လက်ရှိဆောင်ရွက်နေသည့် စီမံကိန်း ၆ ခုရှိသည်။ ၎င်းတို့မှာ ပညာရေး၊ ကလေးများအရေး၊ အမျိုးသမီးများအရေး၊ ရွှေ့ပြောင်းအလုပ်သမားများဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဆက်ဆံရေး စီမံကိန်းတို့ဖြစ်ပြီး လောလောဆည်ဆည်တွင် ကျနော်တို့၌ ၀န်ထမ်း ၂၄ ဦးနှင့် ဆရာ၊ဆရာမ ၃၂ ဦးရှိသည်။ ၁။ ပညာရေး ပညာရေးစီမံကိန်းသည် ဖန်ငပြည်နယ် တကွာပါခရိုင် ပင်လယ်ကမ်းခြေဒေသရှိ ကလေးများအတွက် စာသင် ကျောင်းများ ဖွင့်လှစ်ရေးကို အလေးထားလုပ်ဆောင်နေသည်။ လောလောဆည်ဆည်တွင် ကျောင်း ၆ ကျောင်း၊ ဆရာ၊ဆရာမ ၂၇ ဦးနှင့် ကျောင်းသားကျောင်းသူပေါင်း ၃၀၀ ခန့်ရှိသည်။ ဤကျောင်းများ၌ မြန်မာဆရာများနှင့် နိုင်ငံခြားသားစေတနာ့ဝန်ထမ်းများက မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့ကို သင်ကြားပေးသည်။ (အပြည့်အစုံ) ၂။ ကလေးများစီမံကိန်း ဤစီမံကိန်းတွင် အသက်ငါးနှစ်အောက်ကလေးများအတွက် နေ့ကလေးထိန်းကျောင်း ၃ ကျောင်း ဖွင့်လှစ်ထားပြီး ကလေးပေါင်း ၁၀၀၊ ဆရာ၊ဆရာမ (၆) ဦးနှင့် ထမင်းချက် ၃ ဦးရှိသည်။ ကလေးများအား မြန်မာစာ၊ ထိုင်းစာနှင့် သင်္ချာဘာသာ သင်ပေးသည်။ ကလေးများကို ကျောင်းတွင် နံနက်စာ၊ သွားရည်စာနှင့် နေ့လည်စာတို့ကျွေးမွေး သည်။ အပတ်စဉ်တိုင်း Grassroots မှ ၀န်းထမ်းများနှင့်မိတ်ဆွေ အင်န်ဂျီအိုအဖွဲ့များမှ ၀န်ထမ်းများက ကျန်းမာ ရေးစောင့်ရှောက်ကုသမှုများ ပြုလုပ်ပေးသည်။ (အပြည့်အစုံ) ၃။ အမျိုးသမီးစီမံကိန်း အမျိုးသမီးစီမံကိန်း၌ ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းနှင့် အမျိုးသမီး အခွင့်အရေး ပညာပေး ရေး စီမံ ကိန်းဟူ၍ ၂ ပိုင်းပါဝင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းတွင် မြန်မာအမျိုးသမီး များအ တွက် မိသားစုစီမံကိန်း HIV/AIDS သိနားလည်ရေးနှင့် ကျန်းမာရေးပညာပေးရေး စသည်တို့ သင်ကြားပေးသည်။ အမျိုးသမီးအခွင့် အရေး ပညာပေးရေးစီမံကိန်းတွင် မြန်မာအမျိုးသမီးများသည် အမျိုးသမီးအခွင့်အရေးနှင့် အိမ်တွင်းအကြမ်းဖက် မှုတားဆီးကာကွယ်ရေးဆိုင်ရာ သင်တန်းများတွင် ပါဝင်တက်ရောက်ကြသည်။ (အပြည့်အစုံ) ၄။ ရွှေ့ပြောင်းအလုပ်သမားများဖွံ့ဖြိုးရေးစီမံကိန်း အလုပ်အကိုင်းဖန်တီးမှုနှင့် ထောက်ပံ့မှုလုပ်ငန်းများတွင် ၎င်းတို့အလုပ်အကိုင်အတွက် လိုအပ်သည့် ပစည်းများနှင့် လက်နက်ကရိယားများထောက်ပံ့သကဲ့သို့ သယ်ယူပို့ဆောင်ရေးအနေဖြင့်လည်း ထောက်ပံ့ ကူညီသည်။ ရွှေ့ ပြောင်းအလုပ်သမားများအတွက် အလုပ်အကိုင်တိုးတက်ရရှိရန်လည်း ကူညီ ဆောင်ရွက်သည်။ အရေးပေါ်အကူ အညီအနေဖြင့် ထိုင်းစကားမတတ်၍ ဆေးရုံတက် ရောက်ကုသရန် ခက်ခဲသူများနှင့် အနီးအနားတွင် ဆွေမျိုးမရှိ သူများအတွက် ကူညီသည်။ ဥပမာ မတော် တဆဖြစ်မှု၊ ဆေးရုံတင်ပို့ရခြင်း၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံ ရမှုများ (လုပ်ခမ ပေးခြင်း)၊ စသည့် ကိစများတွင် Grassroots HREDC က ငွေကြေး၊ စားစရာ၊ နေစရာနှင့် သယ်ယူ ပို့ဆောင်ရေး စသည့်ပံ့ပိုးမှုများဖြင့် ကူညီစောင့်ရှောက်သည်။ (အပြည့်အစုံ) ၅။ အချက်အလက်မှတ်တမ်းပြုစုခြင်း ထိုင်းနိုင်ငံဖန်ငပြည်နယ်တွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ဒီမိုဂရပ်ဖစ် (ဒေသ တခုတွင်နေ ထိုင်သည့် လူဦးရေ၊ အသက်၊ ၀င်ငွေ၊ သုံးစွဲမှု အခြေအနေ) မှာ တိတိကျကျမရှိ။ ထို့ကြောင့် ရွှေ့ပြောင်းအလုပ်သ မားများ၏ အချက်အလက်များကို စုဆောင်းနေသည်။ ထိုအချက် အလက်များကို ရွှေ့ပြောင်းနေထိုင်သူ မြန်မာများ အတွက် ပိုမိုကောင်းမွန်သည့် ပံ့ပိုးကူညီမှုများနှင့် အနာဂဏ်စီမံကိန်းများတွင် အသုံးပြုနိုင်သည်။ (အပြည့်အစုံ) ၆။ ပြည်သူ့ဆက်ဆံရေး သမိုင်းကြောင်းနှင့် နယ်စပ်ဒေသဆက်စပ်မှုများရှိသော်လည်း မြန်မာများနှင့် ထိုင်းများအကြား၌ တဦး နှင့်တဦး အထင်အမြင်လွဲမှားမှုများရှိသည်။ ထိုင်းနှင့် မြန်မာပြည်သူများအကြား ပေါင်းကူးပေးရန်မှာ နှစ်ဖက် စလုံးအတွက် အရေးကြီးသည်ဟု ကျနော်တို့အနေနှင့် ထင်ပါသည်။ ထို့ကြောင့် Grassroots က ပြည်သူ့ဆက်ဆံရေး စီမံကိန်းဖြင့် ပေါင်းကူးတံတားတည်ဆောက်ပေးရန် လုပ်ကိုင်ဆောင်ရွက် နေပါသည်။ (အပြည့်အစုံ)
|