|
Who's Online
We have 22 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
အိမ်နီးချင်း ချစ်ကြည်ရေး ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ပွဲ |
|
|
|
|
Monday, 08 February 2010 11:48 |
|
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ် ဘန်မွားကျေးရွာ ဘန်မွားဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ဘုန်းတော်ကြီးကျောင်း(၁၆၂)ပြည့် အထိမ်းအမှတ်ပွဲ၌ အိမ်နီးချင်းချစ်ကြည်ရေး ရိုးရာယဉ် ကျေးမှုထုတ်ဖော်ပွဲနှင့်လှယဉ်ကျေးမယ်ပြိုင်ပွဲကို ယခုလ(၅/၆)ရက်နေ့များက ကျင်းပသွားခဲ့သည်။ အဆိုပါ ပွဲတွင် ဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော ရွှေ့ပြောင်းမြန်မာ ကျောင်းများမှ ကျောင်းသား/သူ ကလေးများက မြန်မာတိုင်းရင်းသား ရိုးရာဝတ်စုံများ ၀တ်ဆင်၍ လည်း ကောင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကို ဖော်ကျူးသော အကပဒေသာများဖြင့် ကပြဖျော်ဖြေခြင်း၊ သီချင်းများသီဆိုခြင်း၊ မြန်မာတိုင်းရင်သားများ နေထိုင်သော ပြည်နယ်နှင့်တိုင်းများ၊ ၀တ်စားဆင်ယင်မှု၊ လုပ်ကိုင်စားသောက်ပုံနှင့်တကွ မြန်မာ့အလှမြန်မာ့ရှု့ခင်းများကို စလိုက်ရှိုးဖြင့် ရှင်းလင်းပြသခြင်းဖြင့် လည်း ကောင်း မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထုတ်ဖော်ပြသသွားသည့်အပြင် မြန်မာတိုင်းရင်းသူကလေးများ၏ လှယဉ်ကျေးမယ် ပြိုင်ပွဲကိုပါ ကျင်းပသွားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ဖန်ငနှင့်ရနောင်းခရိုင်မှ လှပျိုဖြူ (၁၅)ဦး ၀င်ရောက်ယှဉ် ပြိုင်ခဲ့ကြောင်းသိရသည်။
ပွဲဖြစ်မြောက်ရေးစီစဉ်သူများတွင် ပါဝင်သော ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အလုပ်သမား ရေးရာတာဝန်ခံ ကိုမိုးဝေက “ ဒီပွဲကျင်းပဖို့အတွက် ထိုင်းတွေက ကျနော်တို့ NGOs တွေကိုဖိတ်တယ်။ ရွာ လူကြီးနဲ့ ဘုန်းကြီးကျောင်း(၁၆၂)နှစ်ပြည့်ကျင်းပရေးဦးစီးကော်မတီက ကျနော်တို့တွေကို ဖိတ်ခေါ်ပြီး သူတို့ နဲ့ပေါင်းပြီး ထိုင်-မြန်မာချစ်ကြည်ရေး ရိုးရာယဉ်ကျေးမှုဖော်ထုတ်ဖို့ပြောတယ်။ ဒါနဲ့ပဲ ဒီပွဲကိုကျင်းပဖြစ်တာ ပါဟု” ပြောသည်။ ဆက်လက်ပြီး ကိုမိုးဝေက “ ဒီလိုဖိတ်ခေါ်မှုဟာ ကျနော်တို့မြန်မာတွေအတွက် အခွင့် အရေးဖြစ်သလို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအပေါ်ထားတဲ့ ထိုင်းလူမျိုးတွေရဲ့ စေတနာသဘော ထားကို သိရတော့ အရမ်းဝမ်းသာမိတယ်။ ပွဲကို နှစ်ရက်စလုံး အေးအေးချမ်းချမ်းနဲ့ကျင်းပသွားနိုင်တယ်။ ကျ နော်တို့ရဲ့ ဒီရိုးရာ ယဉ်ကျေးမှုဖော်ထုတ်ပွဲကို မြန်မာအလုပ်သမားရော ထိုင်းတွေပါ အားပေးလက်ခံကြတယ်။ ပြီးတော့ ပွဲဖြစ်မြောက်ရေးဦးစီးကော်မတီကလည်း ပွဲတွေ၊ အခမ်းအနားတွေ ကျင်းပတိုင်း သူတို့ထိုင်းလူမျိုး တွေနဲ့ပူးပေါင်းပါဝင်ဖို့ကို ဖိတ်ခေါ်တယ်” ဟုပြောပြသွားသည်။
ပွဲဈေးတွင်လည်း မြန်မာတိုင်ရင်းသား အ၀တ်အထည်များ၊ စားသောက်ကုန်များကိုပါ ခင်းကျင်းပြသရောင်းချ သွားကြောင်းသိရသည်။ ဖန်ငအခြေစိုက် ရွှေ့ပြောင်း မြန်မာကလေးများ ကူညီစောင့်ရှောက်ရေးဌာန( Child-Trac ) မှ မအိအိချောက “ထိုင်းနိုင်ငံကိုရောက်နေကြတဲ့ ကျမတို့မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုကိုယ်တိုင်က မြန်မာတိုင်ရင်းသားရိုးရာယဉ်ကျေးမှုတွေကို သိပ်မသိကြဘူးလေ။ သူတို့ကိုယ်တိုင် သိရှိပြီး တန်ဖိုးထားတတ်လာအောင်၊ ထိုင်းလူမျိုးတွေ လည်း ကျမတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကို နားလည်ခံ စားတတ်အောင်နဲ့ ထိုင်း-မြန်မာယဉ်ကျေးမှုဖလှယ်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုကျင်းပရခြင်း ဖြစ်တယ်” ဟုပြောသွားသည်။
လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော နမ္မခင်းကျေးရွာမှ မနှင်းနှင်းမော်က”သမီး ဒီပြိုင်ပွဲမ၀င်ခင် ရင်တွေ အရမ်းခုန်တယ်၊ ပြိုင်ပွဲမှာဆုရတော့ အရမ်းဝမ်းသာတယ်။ပြိုင်ပွဲဝင်အောင် တိုက်တွန်းအားပေးကြ တဲ့ ညီအစ်ကိုမောင်နှစ်မတွေ၊အဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်” ဟုပြောကြားသွားသည်။ ပွဲနှစ်ညတွင် ပန်းကုံး ရောင်းချ၍ရသော ဘတ်ငွေ လေးသောင်းခွဲကျော်အား ဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ရေး ရန်ပုံငွေအဖြစ်လှူဒါန်းခဲ့ ကြောင်းသိရသည်။ ဘုန်းတော်ကြီးကျောင်း(၁၆၂)ပြည့် အထိမ်းအမှတ်ပွဲကို ယခုလ (၁)ရက်နေ့မှ(၉)ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး (၅/၆)ရက်နေ့များတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမား များအတွက် ချစ်ကြည်ရေး ရိုးရာယဉ်ကျေးမှုဖော်ထုတ်ပွဲကို ကျင်းပခွင့်ရခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ ပွဲဖြစ်မြောက်ရေး အတွက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)၊ Child-Trac, IOM, SNF, World Vission, Camillian စသည့် NGOs များက ပူးပေါင်းဆောင် ရွက်သွားကြောင်း သတင်းရရှိသည်။
|
|
Last Updated on Monday, 08 February 2010 12:04 |
|