|
Who's Online
We have 17 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
တစ်နေ့တာ ပန်းအလှပြင်သင်တန်း |
|
|
|
|
Wednesday, 03 February 2010 10:35 |
|
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော လူငယ်သိပ္ပံ ကျောင်း(Youth Outreach)တွင် ပန်းအလှပြင်သင်တန်းကို ယမန်နေ့ကကျင်းပသွားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၀)ဦးတက်ရောက်ခဲ့ပြီး ပန်းအလှပြင်နည်းပြ ဆရာမမှာ ဒိန်းမတ်သူ Ms. Karina ဖြစ်သည်။ သင်တန်းဖြစ်မြောက်ရေးအတွက် စည်းရုံးလှုံ့ဆော်သူ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်းမှ လက်ထောက် ဒါရိုက်တာ မပိုပိုက “ပန်းအလှပြင်ခြင်း အနုပညာကို စိတ်ဝင်စားတဲ့ မြန်မာ အမျိုးသမီးတွေအနေနဲ့ ပန်းတွေကို ရွေးချယ်ပြင်ဆင်တတ်ဖို့၊ စံနစ်တကျ နေရာချတတ်ဖို့၊ ပန်းအရောင်များ ကို လိုက်ဖက်စွာ ရောစပ်နိုင်ဖို့အပြင် စိတ်ကူး ပြင်ဆင်မှုများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ဖို့နဲ့တစ်နေ့တာ မောပန်းမှုများပြေပျောက်ဖို့’’ စသည့်ရည်ရွယ်ချက်များဖြင့် ပန်းအလှပြင် သင်တန်းကို ပြုလုပ်ကြောင်း။“ အမျိုးသမီးအားလုံးက သင်တန်းထဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ကြတာ ကို တွေ့ရသလို သူတို့အချင်းချင်း ကွဲပြားတဲ့ အမြင်၊ အတွေးအခေါ်တွေကို ဖလှယ်နိုင်ကြတယ်။ နောက်ပြီး အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ပန်းအလှအိုးတွေရော၊ လက်ကိုင်ပန်းတွေကိုရော စုပေါင်းပြီး လုပ်ဆောင်ကြ တယ်။ တစ်ရက်တာ အချိန်တိုအတွင်းမှာ ပြုလုပ်ရပေမယ့် ထူးခြားမှုရှိတဲ့ သင်တန်းကလေးဖြစ်လို့ ကျွန်မ အနေနဲ့ အားရမိပါတယ်” ဟု ပြောကြားသွားသည်။
ထို့ပြင် ပန်းအလှပြင်နည်းပြဆရာမ Ms.Karina က “ကျမ ကျန်းမာရေးလုပ်ငန်းမှာ စေတနာ့ ၀န်ထမ်းလုပ်ဖို့် ဒီအဖွဲ့အစည်းကို လာခဲ့တာပါ။ ဒီမလာခင်မှာ ကျမကို အင်တာဗျူးလုပ်တဲ့အချိန်မှာ ကျမ အရင်က ဒိန်းမတ်က ပန်းဆိုင်မှာ လုပ်ခဲ့ကြောင်းပြောပြတော့ အဖွဲ့အစည်းက ဒီသင်တန်းလေးကို စီစဉ်ဖြစ်တာပါ။ အမျိုးသမီးတွေနဲ့ တနေ့တာ ပန်းအလှပြင်ရတာ ကျမအရမ်းကို ပျော်ရွှင်မိပါ တယ်။ ၀န်ထမ်း တွေက ကျမကို သင်တန်းကလေးလုပ်ဖို့ တောင်းဆိုတာကြောင့် နေ့တပိုင်းသင်တန်းကလေး လုပ်ဖြစ်တာပါ။ ဒီအတွေ့အကြုံက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အမျိုးသမီးအားလုံးက ပန်းတွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ နည်းပညာအမျိုးမျိုးကို သင်ယူချင်နေကြတယ်။ ကျမတို့ အားလုံးအတူတူ ပူးပေါင်းပြီး အချိန်ပိုင်းသင်တန်းကလေးကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့ပါတယ်၊ ကျောင်းသူတွေနဲ့ အမျိုးသမီးတွေ အချင်းချင်း အပြန်အလှန် ဖလှယ်ကြတာ အလွန်ကောင်းတဲ့ အတွေ့အကြုံတခုပါပဲ”ဟုရှင်းလင်းပြောကြားသွားသည်။ အဆိုပါပန်းအလှပြင်သင်တန်းတွင် ဂန္ဓမာပန်း၊ ပင့်ကူ သစ်ခွ၊ ထိုင်းသစ်ခွနှင့် အလေ့ကျပေါက်သော သစ်ရွက်နှင့် ပန်းများကို အသုံးပြု၍ ပန်းအလှပြင်ဆင်သွားကြောင်း သိရှိရပါသည်။
|
|
Last Updated on Thursday, 04 February 2010 08:54 |
|