နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 12 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ရွှေ့ပြောင်းမြန်မာကလေးများအား ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး PDF Print E-mail
Wednesday, 03 February 2010 10:26

 

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ကွန်ပါ မြို့ နယ်အတွင်းရှိ ညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ဖွင့်လှစ် ထားသော ရွှေ့ပြောင်း မြန်မာကလေးများကျောင်းတွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမှုကို ဒီဇင်္ဘာလ (၂၃) ရက်နှင့် ဇန်န၀ါရီလ (၂၇)ရက်နေ့များတွင် နှစ်ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သည်။

စာသင်ကျောင်း () ကျောင်းနှင့် မူကြိုကျောင်းတကျောင်းတို့တွင် ကျား ၁၁၁ ဦးနှင့် ၈၇ ဦးတို့ကို ပိုလီယိုကာကွယ် ဆေးတိုက်ကျွေးခဲ့သည်။ အဆိုပါကာကွယ်ဆေးတိုက်ကျွေးမှုကို ထိုင်းကျန်းမာရေးဌာနနှင့် FED ကျန်းမာရေး ဌာနတို့ ပူးပေါင်းပြီးပြု လုပ်ခဲ့ကြခြင်းဖြစ်ပါသည်။ယခုလိုကာကွယ်ဆေး တိုက်ကျွေးခြင်းဟာ ကျွန်တော်တို့ ရွှေ့ ပြောင်းမြန်မာ ကလေးတွေ အတွက် သိပ်ကိုအရေးကြီးပါတယ်။ ကမ္ဘာကြီး ဘယ်လောက်ပဲဖွံ့ ဖြိုးတိုးတက်လာတယ် ပြောပြော အိမ်မှာမွေးတဲ့ ကလေးတွေရှိနေပါသေးတယ်။ နောက်ပြီး မိဘများရဲ့ပြောင်းရွှေ့ မှုအပေါ်မူတည်ပြီး ဆေးရုံ၊ ဆေးခန်း များကိုသွားရောက်ဆက်သွယ်ပြီး ကာကွယ်ဆေး ဆက်လကမတိုက်ကျွေးနိုင်တော့တဲ့ ကလေးတွေများစွာ ရှိနေပါ သေးတယ်” ဟု ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးတာဝန်ခံ ကိုအောင်ကြည် ကပြောပါ တယ်။

ပိုလီယိုကာကွယ်ဆေးကို ထိုင်းကျန်းမာရေးဌာနမှ ထောက်ပံ့ပြီး FED ကျန်းမာရေးဌာနမှ ကလေးများကို အောင်မြင်စွာ တိုက်ကျွေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

 

Last Updated on Thursday, 04 February 2010 08:52