|
Who's Online
We have 13 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
လစဉ်ကြေးဘတ်(၂၀၀) မပေးတော့သဖြင့် ဘတ်ပွဲစားက မြန်မာအလုပ်သမအား ဖမ်းဆီးထောင်ချ |
|
|
|
|
Tuesday, 02 February 2010 10:06 |
|
ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့ ၀ိထိနိုင် ဈေးကြီးအနီး နေထိုင်၍ အိမ်ဖော် အလုပ်လုပ်ကိုင်နေသည့် အသက် (၄၉) နှစ်အရွယ် ဒေါ်ခင်စိုးအား လစဉ်ကြေးဘတ်(၂၀၀) မပေးတော့သဖြင့် ပြီးခဲ့သည့် ဇန္န၀ါရီ လ(၂၉)ရက်နေ့ ညနေ(၇)နာရီခွဲလောက်မှာ ဆိုင်ကယ်စီး ထိုင်းပုလိပ် တစ်ဦးနှင့် ဘတ်လုပ်ပေးထားသည့် အသက်သုံးဆယ်ကျော်အရွယ် ထိုင်းအမျိုးသမီး ဖိမိုးတို့ ရောက်ရှိလာပြီ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဒေါ်ခင်စိုး၏သား ကိုစိုးဝင်းလှိုင်က“ အမေက သူ့ ဆီမှာ ဘတ်လုပ် ထားတယ်။ဘတ်ဖိုး ငါးထောင်၊ အားလုံး အကျေပေးပြီးသားပါ။ ဒါပေမယ့် သူလုပ်ပေးထားတဲ့ လူတွေထဲက လူ(၇)ယောက်လောက်က ထိုင်းစကား မပြောတတ်ဘူး၊ ဒီလူတွေဆီက သူ တစ်လကို ဘတ်(၂၀၀) စီကောက်တယ်၊ အမေပေးလာတာ (၆)လရှိပြီ။ ဒီလမှာမပေးလို့ ဆိုပြီးဖမ်းတာ၊ ခေါင်းမာလို့ ဖမ်းတာလို့ ပြောတယ်။ ထောင်(၁၀)ရက်ချတယ်လို့ ပြောတယ်။ ခုအမေထောင်ထဲမှာရောက်နေတာတောင် ကျနော်မနေ့ ကမှစုံစမ်းလို့ သိရတာ” ဟုပြောသည်။
သားငယ် (၂)ယောက်ရှိရာ ကျုံဖေါ်မြို့ သို့ လာရောက် အလုပ်လုပ်ကိုင်နေသော ရခိုင်ပြည်နယ်၊ မာန်အောင် မြို့နယ်၊ ဇရပ်ကုန်းခင်ရွာမှ မုဆိုးမတစ်ဦးဖြစ်သည့် ဒေါ်ခင်စိုးမှာ ထိုင်းနိုင်ငံသို့ရောက်ရှိသည်မှာ (၂)နှစ်ခန့် သာရှိသေးသည်။
မိခင်အား(၂)ရက်တိုင်တိုင် ရှာဖွေစုံစမ်းပြီးမှ ကျုံဖေါ်မြို့ လျန်ချံအကျဉ်းထောင်တွင် သွားရောက်တွေ့ ဆုံခဲ့ရသည်။ ထောင်ဝန်ထမ်းများအားမေးမြန်သည့်အခါ လာမည့်ဖေဖေါ်ဝါရီလ (၈)ရက်နေ့ တွင် ပြန်လွှတ် မည်ဟု ပြောသော်လည်း မည်သည့် နေရာသို့ ပြန်လည်လွှတ်မည်ကို ရှင်းလင်းစွာ မသိရှိရသဖြင့် သားနှစ်ဦး က စိတ်သောကရောက်နေကြသည်။
ကျုံဖေါ်နှင့် ပါနန်းပိတ်ဆိပ်ရှိ သောင်းချီရှိသော မြန်မာအလုပ်သမားများမှာ တရားဝင်နေထိုင် အလုပ်လုပ် ကိုင်ခွင့် ဘတ်လုပ်ထားသော်လည်း အလုပ်သမားတစ်ယောက်အား ဘတ်လုပ်ပေးသည့် ဘတ်ပွဲစားက ယခုကဲ့သို့ ထိုင်းပုလိပ်များနှင့်ပူးပေါင်း၍ ထောင်သွင်းအကျဉ်းချလိုက်သည်ကို အထူးစိုးရိမ်နေကြသည်။
ယခု ဒေါ်ခင်စိုးအား ဖမ်းဆီးထောင်ချလိုက်သော ထိုင်းအမျိုးသမီးသည်၊ လှေဆိပ်၊ ဘူတာရုံ၊ ကားဂိတ်နှင့် လမ်းသွားလမ်းလာ တွေ့ ရှိသမျှသော မြန်မာအလုပ်သမားများကို ဘတ်ရှိ/မရှိ စစ်ဆေးမေးမြန်းပြီး ထိုင်းရဲများ ကိုခေါ်ယူပြီး ဖမ်းဆီးငွေတောင်းစားသည့်အလုပ်ကို အမြဲလုပ်ကိုင်နေသူဖြစ်ကြောင်း ကျုံဖေါ်အလုပ်သမား များက ပြောသည်။
တရားဥပဒေ၏ အကာအကွယ်နှင့်အကူအညီကို ရရှိရေးအတွက် အဖွဲ့ အစည်းအချို့ က ကူညီနိုင်ရန်ပြင် ဆင်နေကြကြောင်း သိရှိရသည်။
|
|
Last Updated on Tuesday, 02 February 2010 10:10 |
|