နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 9 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

လူကုန်ကူးသူများကမြန်မာအလုပ်သမား ၉ ဦးအား သေနတ်ဖြင့်ပစ်သတ် PDF Print E-mail
Tuesday, 02 February 2010 09:04

 

မဲဆောက်မြို့ မှ ဘန်ကောက်မြို့ သို သွားသည့် ယခင်လမ်းဟောင်း မဲလမောင်း လမ်းအနီးတောစပ်ထဲတွင် မြန်မာအလုပ်သမအလောင်းများတွေ့ ရှိရကြောင်း ထိုင်းအမှတ် ၃ ရုပ်မြင်သံကြားလိုင်းက ယမန်နေ့ ညက ထုတ်လွှင်ပြသသွားခဲ့သည်။

မဲဆောက်မြို့ နှင့်အနီးပတ်ဝန်းကျင် မြန်မာအလုပ်သမားများ တီတိုးပြောဆိုနေသောသတင်းကို ကြား သိရသောထိုင်းရုပ်မြင်သံကြားလိုင်းအမှတ်၃မှ သတင်းထောက်များက မဲဆောက်ရဲစခန်းကိုသွားရောက် အင်တာဗျူးမေးမြန်းစဉ်၊ ဖုဖရားရွာသားအချို့က သူတို့ ရွာအနီးတောထဲတွင် မြန်မာအလုပ်သမ နှစ်ဦး အလောင်းတွေ့  ရှိမှုကိုလာရောက်တိုင်ကြားစဉ်နှင့်တိုက်ဆိုင်နေသည်။

ဇန္န၀ါရီလ ၂၇ နေ့ ကလူကုန်သူများက မြန်မာ(ကျား+) ၁၂ဦးအား ဘန်ကောက်သို့ ပို့ ဆောင်ရန် လူတစ်ဦးဘတ် တစ်သောင်းနုန်းယူဆောင်ပြီးနောက်၊ မဲဆောက်မြို့ မြောက်ဘက် ကံဖေဗစ်သို့ ပို့ ဆောင်ရန်လာခဲ့သည်။

လူကုန်ကူးသူများက လူသူကင်းဝေးသည့် တောထဲသို့ ခေါ်ဆောင်လာခဲ့ပြီးနောက် မိန်းကလေးများအား မတရားပြုကျင့်ပြီး ဦးခေါင်းကိုသေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ လူ၉ဦးကိုသတ်ဖြတ်ပစ်ခဲ့သော်လည်း လူ ၃ ဦး မှာ ထွက်ပြေးလွတ်မြောက်လာပြီးမဲဆောက်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

 

ယခင် လောင်းတွေ့ရှိခဲ့ရပြီးယခု ၂ လောင်ထပ်မံတွေ့ ရှိရကြောင်းရဲစခန်းတွင် ရွာသားများက ထွက်ဆို သည်။ ဦးခေါင်းတွင်ထိုအလောင်း လောင်မှာ တစ်ဦးက နန်းသင်းဇေါ်နှင့် နန်းယာမာ တို့ ဖြစ်ကြောင်း ကရင်အလုပ်သမားများကို ၊ကိုးကားပြီး ထိုင်းTV 3 ကထုတ်လွှင့်သွားသည်။

 

၂၀၀၃ ခုနှစ်က အလားတူ ဦးခေါင်းတွင်သေနတ်ပစ်သတ်ခံရသည့်မြန်မာအလုပ်သမား ၁၇ လောင်း နှင့် ၂၀၀၇ တုန်းက လူ၈ဦးတို့လည်းထိုနည်းအတိုင်းသေဆုံးခဲ့ဖူးသည်။ အသတ်ခံရသည့် မြန်မာအလုပ်သမား မိသားစုကလည်း ထိုင်းရဲများကိုတိုင်းကြားခြင်းမပြုကြသည့်အပြင် သက်သေများကလည်း လူကုန်ကူးသူများ ကပြန်လည် အန္တရာယ် ပြု၊သတ်ဖြတ်မည်ကိုစိုးရိမ်သဖြင့် လူကုန်ကူးသူများကို ဖေါ်ထုတ်အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်း ရှင်းပြသည်။ ထို့ အပြင် လူကုန်ကူမှုများကို ဖေါ်ထုတ်ရန် လူအများမ၀ံ့မရဲဖြစ်နေခြင်းမှာအဆိုပါ လူကုန်ကူးမှုတိုင်းတွင် အာဏာပိုင်များကိုယ်တိုင်ပါဝင် ပတ်သက်မှုရှိနိုင်သည်။ အောက်ခြေမှာ အောက်ခြေ အလျောက်၊အပေါ်ပိုင်းတွင်အပေါ်ပိုင်းအလျောက်ဆက်နွယ်မှုရှိခြင်းကြောင့်လူကုန်ကူမှုတိုက်ဖျက်ရေးကို ရဲတပ် ဖွဲ့ဝင်များဖမ်းဆီးခြင်းမရှိခြင်းဖြစ်နိုင်ကြောင်း ထိုင်းTV 3 ကလွှင့်သည်။

မဲဆောက်ရဲစခန်းတာဝန်ရှိသူများက လူကုန်ကူးသူများအနေဖြင့် အခကြေးငွေများကိုရယူထားပြီ၊ အဆိုပါ လူများကို ဘန်ကောက်တရောက်အထိ ပို့ ဆောင်ရမည့် တာဝန်ကို မယူလိုတော့သည့်အတွက် ယခုကဲ့သို့  အပျောက်ရှင်းလိုက်ခြင်းဖြစ်နိုင်ကြောင်းသုံးသပ်ပြောဆိုသည်။

ယခုကဲ့သို့ လုပ်ရပ်များအား အမြန်ဆုံးအမှုမှန်ပေါ်ပေါက်ရေးအ တွက် မဲဆောက်ရဲစခန်းက ကြိုးစားဖေါ်ထုတ် သွားမည်ဖြစ်ကြောင်း ထိုင်းTV 3 သို့ ပြောဆိုသွားသည်။

တာ့ခရိုင်၇ဲမှူးကြီးဧ။်ညွှန်ကြားမှုကြောင့် ယမန်နေ့ ညနေက အလောင်း ၉ လောင်းစလုံး ရှာဖွေတွေ့ရှိပြီဖြစ် ကြောင်းသိရှိရသည်။

Last Updated on Tuesday, 02 February 2010 09:12