|
Who's Online
We have 15 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
Grassroots-HRE အကြောင်း
|
Grassroots နှင့် ပတ်သက်၍ လုပ်ငန်းရည်မှန်းချက် အဓိက ရည်မှန်းချက်မှာ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် လုံခြုံစိတ်ချပြီး ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရန် ဖြစ်သည်။ တိကျသည့် ရည်မှန်းချက် (၃)ချက်မှာ ------- (၁) ဖန်ငပြည်နယ် တကွန်ပါခရိုင်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ ကလေးများအား ပညာသင်ပေးရန်။ (၂) ဖန်ငပြည်နယ်ရှိ မြန်မာအလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်လာစေရေးနှင့် လုံခြုံ စိတ်ချပြီး ဥပဒေအရ ကာကွယ် စောင့်ရှောက်မှုရှိသည့် ပတ်ဝန်းကျင်တခု ထူထောင်းပေးရန်။ (၃) မြန်မာနှင့် ထိုင်းလူမှု အသိုင်းအ၀ိုင်းအား ချစ်ကြည်ရေး ပေါင်းကူးပေးရန် တို့ဖြစ်ပါသည်။ ကျနော်တို့ ဘယ်သူတွေလဲ ကျနော်တို့လို့ ဆိုရာမှာ မြန်ပြည်သား ဆရာ၊ ဆရာမများ၊ ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်သူများ၊ လူမှုရေး လုပ်သားများ၊ ကျန်းမာရေး လုပ်သားများနှင့် ရွှေ့ပြောင်း အလုပ်သမားများဖြင့် ပေါင်းစု ဖွဲ့တည်ထားသည့် အခြေခံ လူမှုအလွှာ ကော်မတီ (Grassroots Committee) ပင် ဖြစ်သည်။ ဘယ်သူ့အတွက် လုပ်နေတာလဲ ထိုင်းနိုင်ငံတောင်ပိုင်းရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ၎င်းတို့၏ ကလေးများအတွက် ကျနော်တို့ လုပ်ကိုင်နေခြင်း ဖြစ်ပါသည်။
|
|