|
ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များကလပ်တွင် ယနေ့နေ့လည်ပိုင်းက “အဆိပ်သင့် တောင်တန်းများ” အမည်ရှိ စာတမ်းတစ်စောင်အား ပလောင်အမျိုးသမီးအစည်းအရုံးက ထုတ်ဝေ လိုက်သည်။ စာမျက်နှာ ၅၆ မျက်နှာပါရှိသော အဆိုပါအစီရင်ခံစာတွင် မြန်မာစစ်အစိုးရထိန်းချုပ်မှုအောက်ရှိ နိုင်ငံ၏ အရှေ့  မြောက်ပိုင်း ရှမ်းပြည်နယ်ဒေသများတွင် လွန်ခဲ့သည့် ၃ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အလျှင်အမြန် တိုးတက်များပြားလာနေကြောင်းဖေါ်ပြထားသည်။ ပလောင်အမျိုးသမီးအစည်းအရုံး(PWO)၏ အဆိပ်သင့်တောင်တန်းများအမည်ရှိ အစီရင်ခံစာတွင် မန်းတုန်နှင့် နမ့်ခမ်းမြို့နယ်များရှိ ဘိန်းစိုက်ပျိုးရာနေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ၅ဆမျှတိုးတက်လာပြီး ဧရိယာ ၅၄၀၀ ဟက်တာရှိကြောင်း ဖေါ်ပြထားသည်။ ဤကိန်းဂဏန်းများမှာ နှစ်စဉ် ထုန်ပြန်လေ့ ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ နှစ်စဉ် ဘိန်းထုတ်လုပ်မှု စစ်တမ်း ကောက်ယူမှုခန့် မှန်းချက်ထက် လွန်စွာများပြားနေကြောင်းတွေ့ ရှိရသည်။
ပလောင်အမျိုးသမီးအစည်းအရုံး ဗဟိုကော်မီတီဝင် လိုည်းအေးနန်းက “အမျိုးသားတွေက ဘိန်းရှူတယ်။ မူးယစ်ဆေးဝါးသုံးစွဲတယ်၊ ကျမတို့ အမျိုးသမီးအစည်းအ၇ုံးက ဘာဖြစ်လို့  ဒီအစီရင်ခံစာကို သုတေသန ပြုပြီးတော့ ထုတ်ရသလဲဆိုရင်၊ အဲဒီယောက်ျားတွေဘိန်းစွဲ၊မူးယစ်ဆေးစွဲတဲ့ ဒဏ်ကိုခံရတာက အမျိုးးသမီး တွေဖြစ်တဲ့ မိခင်တွေ၊အဒေါ်တွေ၊အစ်မတွေ၊ညီမတွေ၊ဇနီးမယားတွေပဲခံရပါတယ်၊ ဘိန်းစွဲတဲ့လူဟာ ထမင်း ဆာတာနဲ့ မတူဘူးလေ၊ အဲဒီအချိန်မှာ ဘိန်းကိုရှူရမှဖြစ်တာ၊ သူတို့ ဘိန်းရှူချိန်ရောက်လို့မရှူရရင် မိန်းမတွေ ကိုနှိပ်စက်မယ်၊အမျိုးမျိုးပေါ့နှော်၊စကားဝိုင်းတွေထိုင်လိုက်တိုင်း အမျိုးသမီးတွေခံစားနေရတဲ့ အသံမျိုးစုံကိုပဲ ကျမတို့ကြားသိနေရလို့ ဒီလိုအစီရင်ခံစာ ထုတ်နိုင်အောင်ကြိုးစားခဲ့ကြတာပါ” ဟုပြောသည်။ ယခုထုတ်ပြန် သော ကိန်းဂဏန်းများမှာ ဒေသတွင်း ပလောင်အမျိုးသမီး အစည်းအ၇ုံးအဖွဲ့ ဝင်များက စနစ်တကျ မှန်မှန် ကန်ကန်အချိန်ယူပြီး စါရင်းကောက်ခံခဲ့ခြင်းကြောင့် အချက်အလက်ခိုင်လုံကြောင်းကို လိုည်းအေးနန်းက ရှင်းပြသည်။ မန်းတုန်မြို့ နယ် ကျေးရွာတစ်ရွာတွင် ဆန်းစစ်လေ့လာချက်အရအသက် ၁၅ နှစ် အထက် လူငယ်နှင့်ယောက်ျား ၈၅ ရာခိုင်နုန်းတို့ မှာ ဘိန်း (သို့ မဟုတ်) ဘိန်းဖြူစွဲနေကြကြောင်း၊ မူးယစ်ဆေးစွဲနေသူ ကိုမှ မယူလျှင် အိမ်ထောင်ပြုဖက်မရှိတော့ကြောင်း၊ လူတိုင်းနီးပါး မူးယစ်ဆေးဝါးစွဲနေကြသဖြင့် ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များသာကျန်တော့သည်။ အစီရင်ခံစာထုတ်ဝေသည့်အခမ်းအနားတွင် ၀င်ရောက်တင်ပြသူတစ်ဦးဖြစ်သည့် ရှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးသုတေသနမှူး ရှမ်းသံတော်ဆင့်သတင်းစဉ် အယ်ဒီတာ၊ ဦးခွန်ဆိုင်းက“ နအဖက သူတို့ တပ်တွေကိုထမင်းဝအောင်မကျွေးနိုင်ဘူးလေ၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်၊ရှမ်းပြည်နယ်၊ ပလောင် ဒေသ၊၀ဒေသတွေမှာဘိန်းစိုက်ခိုင်းတယ်ဆိုတော့ သူတို့ လည်းအခွန်ရတယ်၊ ဒေသခံတွေလည်း မူးယစ် ဆေးဝါးစွဲသွားပြီးဘ၀ပျက်တယ်။ ဒေသတွင်းမှာတာဝန်ကျနေတဲ့ တပ်ရင်းတပ်မတွေက အခွန်ယူထားတော့ မဖျက်ဆီးဘူး၊အခြားကလာတဲ့တပ်တွေကပဲဖျက်ဆီးတာ။ အဲဒါလည်းအယောင်ဆောင်ပါပဲ၊ နည်းနည်းပဲ ဖျက်ဆီးပြတာ။အင်္ဂလိပ်ခေတ်က မြန်မာနိုင်ငံမှာ တပ်ရင်း ၁၅ရင်းနဲ့ အုပ်ချုပ်တယ်၊ ခု စစ်အစိုးရ က တပ်ရင်း ၅၀၀ ကျော်နဲ့ အုပ်ချုပ်တယ်၊ အင်္ဂလိပ်လောက်အုပ်ချုပ်ဖို့  မတတ်တာပြနေတာပဲ၊ တပ်တွေ ရွာတိုင်း နယ် တိုင်းမှာ တိုးချဲ့ ပြီး ထမင်းဝအောင်မကျွေးနိုင်ပဲ ဒေသတွင်းမှာ ကိုယ့်ကိုကိုယ့်ရှာစားခိုင်းထားတော့ အကုန်လုံး ပျက်စီးကုန်တော့တာပေါ့ ” ဟုပြောသည်။ အာဏာပိုင်များကျောထောက်နောက်ခံပေးထားသည့်ပြည်သူ့စစ်အဖွဲ့ များနှင့်အစိုးရမူးယစ်နှိမ်နင်းရေးအဖွဲ့များက ဘိမ်းခင်းများကို သုတ်သင်ရှင်းလင်းရမည့်အစား အခွန်ကောက်ယူ၍ အကျိုးထူးများခံစားနေကြကြောင်း၊ ၂၀၀၇-၂၀၀၈ ဘိန်းစိုက်ရာသီအတွင်း မန်းတုန်မြို့ နယ်တစ်ခုတည်း၌ပင် ကျပ် ငွေ ၃၇ သန်း (အမေရိကန် ဒေါ်လာ ၃၇,၀၀၀) ရှိကြောင်း ဖေါ်ပြထားသည်။ ပလောင်အမျိုးသမီးအစည်းအရုံး သတင်းနှင့်သုတေသနဌာန လက်ထောက်တာဝန်ခံ လိုည်းဒါင်းဇျားက “၂၀၀၆ ခုနှစ်က “ အဆိပ်သင့်ပန်းများ ” အမည်နဲ့ စာတမ်းတစ်စောင်ထုတ်ခဲ့ပါတယ်။ ခုဒုတိယအကြိမ်ထုတ်ဝေတာပါ။ ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်နေတာကြောင့် ဒေသတွင်း ပြည်သူ တွေမှာ အကျိုးနည်းပြီး အပြစ်များပါတယ်။ လူငယ်တွေဟာအနာဂတ်တွေပျောက်ပြီး မူးယစ်ဆေးဝါးတွေစွဲ သွားတာ၊ ဘ၀တွေပျက်စီးသွားတာ၊ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ ကုန်ဆုံးသွားတာတွေကို သိစေချင်တာပေါ့ နော်” ဟုပြောသည်။ ယခင်ကပလောင်ဒေအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (PSLA) တို့ က မိမိတို့  နယ်မြေကို ထိန်းချုပ်ထားစဉ်က ပလောင်ကျေးရွာအချို့ တွင် ဘိန်းစားတတ်သူတစ်ဦးတလေသာရှိခဲ့ သော်လည်း၂၀၀၅ ခုနှစ်အတွင်း နအဖစစ်အစိုးရက အတင်းအကျပ်ကိုင် လက်နက်ချခိုင်းခဲ့ပြီး ပြည်သူ စစ်များကို အခွန်ကောက်လုပ်ခွင့်ပြုခဲ့သည်။ ပလောင်ဒေသနန့်ဆန်မြို့တွင် တပ်မတော်၊လဖက်အချိုခြောက်စက်ရုံတည်ထောင်ကတည်းက၊ လဘက် ဈေးများမှာ စက်ရုံသတ်မှတ်ဈေးအတိုင်းသာရရှိပြီး၊ ကုန်သည်များကလည်း စစ်တပ်ကို မလွန်ဆန်ဆိုင်သဖြင့် လဖက်စိုက်တောင်သူများမှာ ၀မ်းစာဆန်ကိုပင်ဖုံလုံအောင်ဝယ်မထားနိုင်ကြပေ။ နန်းဆန်တွင် အကြီးဆုံး စက်ရုံတစ်ခုဖြစ်သော အဆိုပါစက်ရုံကိုစတင်တည်ထောင်ကတည်းက ဗိုလ်မှူးကြီး သန်းထွန်းက ဆက်တိုက် တာဝန်ယူလာခဲ့ပြီး ထင်သလိုစီပွားရှာနေကြောင်း ပလောင်အမျိုးသမီးအစည်း အရုံးကပြောသည်။ မျိုးရိုးစဉ်ဆက် လဖက်တောင်သူများအဖြစ်ရပ်တည်လာကြသောမိသားစုများမှာ လဖက်စိုက်ပျိုးရေးတစ်ခု တည်းဖြင့် ရပ်တည်၍မရလောက်အောင် ၀င်ငွေကျဆင်းလာသဖြင့် ရှယ်ပြည်နယ်စပ် ဒေသအချို့ သို့  ပလောင်လူငယ်အချို့ စီးပွားရှာ အလုပ်သွားလုပ်ကြသည်၊ ထိုမှဘိန်းစွဲ၊မူးယစ်ဆေးစွဲအပြင် အခြားရောဂါများ လည်းကူးစက်လာခဲ့ကြသည်။ ဒေသတွင်းမူးယစ်ဆေးဝါးသုံးစွဲမှုနှုင့် စိုက်ပျိုးထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှု၊HIV ကဲ့သို့သော ရောဂါများမှာ တစ်နေ့ထက်တစ်နေ့ပိုမို ဆိုးရွားလာခဲ့သည်။ ဤဖြစ်စဉ်အားလုံးပပျောက်ရေးကို နိုင်ငံတော် အစိုးရ စေတနာမှန်ကန်စွာဖြင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှသာ လုံးဝအောင်မြင်နိုင်ကြောင်း၊ မြန်မာနိုင်ငံတွင်စစ်အစိုးရအာဏာတည်မြဲနေသ၍ မြန်မာပြည်ဒေသတွင်း ဘိန်းနှင့်မူးယစ်ဆေးဝါးများ အဆိပ်သင့်နေကြမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ |