နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 12 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မဟာချိုင်တရားပွဲ ကြေညာချက်နှင့်မတူညီမှုကြောင့် ထိုင်းရဲကငွေညှစ် PDF Print E-mail
Tuesday, 26 January 2010 06:41

ဘန်ကောက်မြို့အနီး မဟာချိုင်မြို့၊ထိုင်းယူနစ်နယ်မြေတွင် ယမန်နေ့က တရားပွဲ ဆင်ယင်ကျင်းပရန် ခွင့်ပြုချက်ယူထားသည်နှင့် မကိုက် ညီဟူသော အကြောင်းပြချက်ဖြင့် တရားပွဲစီစဉ်သူများထံမှ ဘတ်ငွေ သောင်း ချီတောင်းခံခဲ့ရုံသာမက တရားပွဲလာ မြန်မာအလုပ်သမား များအား နေထိုင်ခွင့်စာရွက်စာတမ်းများ စစ်ဆေးမေးမြန်းမှုများ ပြုလုပ် ခဲ့သည်။

တရားပွဲ မကျင်းပမီ နိုင်ငံကျော်ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ အောင်ခိုင်နှင့် ၀ါဝါအောင်တို့က ဓမ္မပူဇာသီချင်းများ ပါဝင်သီဆိုဖျော်ဖြေ ခဲ့သည်ကို အနီးပတ်ဝန်းကျင်မှ ထိုင်းလူမျိုး အချို့တို့က မဟာချိုင် ရဲ စခန်းသို့ တိုင်းတန်းခဲ့သဖြင့် တရားပွဲကို စိတ်မချမ်းမြေ့ဘွယ် ကျင်းပခဲ့ရ ကြောင်း ပွဲစီစဉ်သူ ဦးတိုးက ပြောသည်။ အစတုန်းကတော့ ကျနော် တို့က တရားပွဲမကျင်းပမီ ဓမ္မပူဇာသီချင်း  တစ်ပုဒ် နှစ်ပုဒ်ဆိုမယ်ပေါ့။ ခုဟာက ပရိသတ်တောင်းဆိုချက်အရ အခြားသီချင်းတွေကိုပါ ဆိုကြ တယ်၊ ပြီးတော့ လက်ခုတ်တီး အားပေး ကြတော့ တရားပွဲနဲ့ မတူတော့ သလို ဖြစ်လာတယ်။ အနီးအနားက ထိုင်းတစ်ယောက်ယောက်က တိုင် လိုက်တယ်လို့ ကျနော်ထင်တယ်။  အဆိုတော်တွေကို ဖမ်းမယ်၊ တရား ဟောတဲ့ဘုန်းကြီးလည်း ကြေညာ ထားတဲ့ဘုန်းကြီး  မဟုတ်တာကြောင့် ဖမ်းမယ်၊ ဘာညာဆိုပြီးတော့ ခြိမ်းခြောက်တယ်၊ မကောင်းဘူးပေါ့ဗျာ၊ မဖြစ်သင့်တာတွေ ပေါ့နော်ဟု ပြောသည်။ မဟာချိုင်နယ်မြေမှ မြန်မာအလုပ်သမား သုံးထောင်ခန့် ရောက်ရှိလာခဲ့ပြီး တရားပွဲမှာ အထူးစည်ကားခဲ့သည်ဟုသိရ သည်။

 

သရုပ်ဆောင် ကိုအောင်ခိုင်က တကူးတက အနုပညာဖျော်ဖြေဖို့လာတာ မဟုတ်ပါဘူး၊ ဘုန်းဘုန်းနဲ့ ဘုရားဖူးလိုက် လာတာပါ။ ကိုယ့်တိုင်းပြည်က နိုင်ငံခြားကိုရောက်နေတဲ့လူတွေက နွေးနွေးထွေးထွေး ၀မ်းပန်းတသာနဲ့ဆိုတော့ မိသား စုတွေနဲ့တွေ့ရသလိုပဲဗျာ၊ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ခင်ဗျား၊ ခရီးသွား ဟန်လွဲ တီဗွီကလေးနဲ့ ဓမ္မသီချင်းလေး ဆိုတာပါဗျာဟုပြောသည်။

ပွဲစဉ်သူနောက်တစ်ဦးဖြစ်သည့် အလင်းပြကြယ်စင် စာကြည့်တိုက်မှူး ကိုလှစိုးကတရားပွဲမစမီ ညနေ()နာရီလောက် မှာ ကိုအောင်ခိုင်တို့နဲ့ အလုပ်သမားတွေ ဓါတ်ပုံရိုက်ကြတယ်၊ သူတို့ ဓမ္မ ပူဇာသီချင်း ဆိုကြတယ်၊ ပြီးတော့ တရားပွဲ စတယ်၊ ကိုအောင်ခိုင်တို့ သီချင်းဆိုတုန်း ပုလိပ်ရောက် လာပြီးငွေတောင်းတယ်၊ ကျနော်တို့ မဟာချိုင်ရဲတွေကို ဘတ် ငွေ (၁၆၀၀၀) ပေးလိုက်ရတယ်။ အလုပ်သမားတွေကို ဘတ်စစ်တယ်၊ ပတ်စပို့စစ်တယ်၊ ငွေသွင်းထားတဲ့စာရွက်ရှိလား ကြည့်တယ်၊ တရားပွဲအပြီး လူတွေအပြန်မှာလည်း ဘတ်စစ် တာပဲ။ အလှူငွေ ဘတ်(၆၀၀၀၀)ကျော် (၇၀၀၀၀) လောက် ရပါတယ်၊အကုန်လုံးပဲ ဘုန်းကြီးကို လှူလိုက်တာပါဟုပြောသည်။ တရားပွဲကြေညာစာရွက်တွင် ပါရှိသော အရှင် ဓမ္မ ရက္ခိမှာ အကြောင်းကြောင်း ကြောင့် မကြွရောက်နိုင်ခဲ့သော်လည်း ကရင်ပြည်နယ်မှ ဘုန်းတော်ကြီးတစ်ပါး ကြွရောက် တရား ချီးမြှင့်ခဲ့သည်။

အဆိုပါ တရားပွဲသို့ ကြွရောက်၍ တရားချီးမြှင့်ခဲ့သော အရှင်ဦးတေဇက မဟာချိုင်က အလုပ် သမား ဒကာ၊ ဒကာမ တွေရဲ့သဒ္ဒါတရားနဲ့အတူ ဘာသာတရားအပေါ်မှာ အလေးအမြတ်ပြုကြတာကို တွေ့ရတဲ့အတွက် အထူးဝမ်းမြောက် ပါတယ်၊ အချိန်က (၃၀)မိနစ်သာ ရတော့တဲ့အတွက် သီလပေး ရေစက်ချ (၁၅)မိနစ်ဆိုတော့ တရားအတွက်က (၁၅) မိနစ်သာ ကျန်တော့တဲ့အတွက် တိုတို တုတ်တုတ်ပဲ ဟောခဲ့ရတယ်။ ဦးဇင်ချီးမြှင့်ခဲ့တဲ့ တရားတော်ကတော့ (ကုသိုလ် ရှင်များ၊ လွန်ထူးခြား၊သိကြာရှိခိုးသည်) ဆိုတဲ့တရားပါ ဒီတရားက မိဘကို အလုပ်အကျွေးပြုသူတွေ၊ ဇနီးမယားကို ကောင်းမွန်စွာ လုပ်ကိုင်ကျွေးမွေးစောင့်ရှောက်တဲ့ ယောက်ျားတွေ၊ ကုသိုလ်ရှင်တွေကို နတ်တို့သနင်း သိကြားမင်း ကတောင် လေးစားပြီးတော့ ရှိခိုးတယ်ဆိုတဲ့အကြောင်းပါ ဟု မိန့်တော် မူသည်။

နိုင်ငံရေးနှင့်အခြားကိစ္စရပ်များကို အတွေ့ အကြုံမရှိသော်လည်း ဘာဘဲလုပ်လုပ် ညီညွတ်ကြရန် ပြည်ပ ရောက် ဒကာ ဒကာမတို့ အား မှာကြားခဲ့ကြောင်း ဦဇင်းက မိန့်တော်မူခဲ့သည်။ အနုပညာရှင်တို့မှာလည်း အခကြေးငွေနှင့် လာရောက် ဖျော်ဖြေခြင်းမျိုးမဟုတ်ပဲ တရားပွဲကိုအချီးအမြှောက်သဘောနှင့် ကိုယ့်တိုင်းပြည် မှ လူများအား တွေ့ဆုံသွား ခြင်းသာဖြစ်ကြောင်း တရားပွဲ စီစဉ်သူများကပြောသည်။

                                                                                                 

Last Updated on Tuesday, 26 January 2010 09:36