|
Who's Online
We have 22 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
|
ပညာပေးဆိုင်ရာ စာအုပ်များ ဖြန့်ဝေခြင်းကြောင့် မြန်မာအလုပ်သမားတစ်ဦး အလုပ်ဖြုတ်ခံရ |
|
|
|
|
Thursday, 29 October 2009 13:00 |
|
အလုပ်သမား အခွင့်အရေးအပါအ၀င် ကျန်းမာရေးနှင့် ပညာပေးဆိုင်ရာ စာအုပ်၊ စာစောင်များ ဖြန့်ဝေသောကြောင့် မြန်မာအလုပ်သမားတဦး အလုပ်မှ ထုတ်ပယ်ခံခဲ့ရကြောင်း သိရသည်။
အလုပ်မှ ထုတ်ပယ်ခံရသူမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘော်နယ်မြေ၊ ဒီကေရပ်ကွက်မှ အထည်ချုပ်စက်ရုံ အလုပ်သမား ကိုဗညားဆိုသူဖြစ်ပြီး လုပ်ငန်းရှင်က ဒီလိုစာအုပ်တွေ လိုက်ဝေလို့ နင့်ကို အလုပ်က ထုတ်တယ်ဟု ပြောဆိုခဲ့ကြောင်း ကိုဗညားမှ ပြောပြသည်။ ကိုဗညားက“ဘန်ဘော် ငါးသေတ္တာရုံနားမှာ ဖွင့်ထားတဲ့ အင်ဂျီအိုဆေးခန်းက ဖြန့်ဝေတဲ့ စာအုပ်တွေ၊ စာစောင်တွေ၊ ကွန်ဒုံးတွေကို ကျနော်က မြန်မာအလုပ်သမားတွေကို ဝေပေးပါတယ်။ ကျနော်အလုပ်လုပ်တဲ့ အထည်ချုပ် စက်ရုံမှာဝေတော့ သူဌေးမက ကျနော့်ကို အလုပ်ထုတ်လိုက်တယ်။ အဲဒီစာအုပ်တွေက ထိုင်းဘာသာ၊ မြန်မာဘာသာတွေနဲ့ ရေးထားတာ။ အလုပ်သမား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ အလုပ်ရှင် လိုက်နာရမယ့် စည်းကမ်းတွေပါတယ်။ ရှင်းရှင်းပြောရရင် မြန်မာအလုပ်သမားတွေ အသိပညာ ဗဟုသုတတွေတိုးပြီး အလုပ်သမား အခွင့်အရေးတွေ တောင်းဆိုလာမှာကို ထိုင်းလုပ်ငန်းရှင်တွေက မလိုလားဘူးလို့ ကျနော်ယူဆပါတယ်” ဟု ပြောပြသည်။ ကိုဗညားသည် ထိုကဲ့သို့ စာအုပ်၊ စာစောင်များ လိုက်လံဝေငှသော အလုပ်ကို မိမိဝါသနာအလျှောက် လုပ်ကိုင်နေခြင်းဖြစ်သည်။ ယခုစက်ရုံတွင် အလုပ်ဝင်ရောက် လုပ်ကိုင်နေသည်မှာ တလခန့်ရှိပြီဖြစ်ပြီး ပြီးခဲ့သည့် အပတ်က အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေးစသည်ဖြင့် ပညာပေးဆိုင်ရာ စာအုပ်စာစောင်များ ထုတ်ဝေပြီး အခမဲ့ ဖြန့်ဝေပေးလျှက်ရှိသော်လည်း တချို့သောလုပ်ငန်းရှင်များက သဘောတူလက်ခံမှုများ မရှိသည်ကို တွေ့ရသည်။ |
|