နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 11 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

ပတ်စ်ပို့လုပ်ရန်သွားသည့် မြန်မာအလုပ်သမားများ အင်းစိန်ထောင်သို့ရောက် PDF Print E-mail
Sunday, 13 September 2009 06:19

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် ပန်းရံအလုပ်သမားများ မြ၀တီနယ်စပ်သို့ ပတ်စ်ပို့ (Passport) လုပ်ရန်သွားရောက်စဉ် မြန်မာအာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

လွန်ခဲ့သော (၆)ရက်ခန့်က မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာသားများ အပါအ၀င် မြန်မာအလုပ်သမား (၆၀)နီးပါးသည် နယ်စပ်ဒေသတွင် ထုတ်ပေးသည့် ပတ်စ်ပို့လုပ်ရန် မြ၀တီမြို့သို့သွားရောက်စဉ် မြန်မာစစ်အာဏာပိုင်များက ဖမ်းဆီ၍ အင်စိန်ထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု တစ်ရွာတည်သား ကိုညီနိုင်က အခုလိုပြောသည်။

“မနေ့ ကလေ ကျနော့်အမေ ရွာကဖုန်းဆက်လာတယ်။ ရွာကလူတွေ အင်စိန်ထောင် ရောက်နေလို့  မှတ်ပုံတင်ရှိ၊ မရှိ ကျနော်တို့ရွာက ဟုတ်မဟုတ် လာမေးနေတယ်။ မရှိတဲ့လူတွေ ပိုက်ဆံပေးရမယ်။ ရှိတဲ့လူ တွေလည်း ပိုက်ဆံပေးမှ ထောင်ကလွတ်မယ်လို့ ကျနော့်အမေကပြောတယ်။ ကျနော့်ကို ပတ်စ်ပို့ သွားမလုပ်ဖို့ မှာနေတယ်။ အဖမ်းခံရတာကိုတော့ ကျနော်လည်း သိလိုက်တယ်။ ၅ရက်၊ ၆ ရက်ရှိပြီ”

ပတ်စ်ပို့လုပ်ရန်အတွက် ထိုင်လုပ်ငန်းရှင်က စေလွှတ်ခဲ့စဉ် အဖမ်းဆီးခံခဲ့ရကြောင်း မုဒုံမြို့နယ်မှ မမိစမ်းကလည်း ပြောပြသည်။

“ဟုတ်ကဲ့ ကျမတို့မုံဒုံမြို့နယ်ကလည်း ပါတယ်ပြောတယ်။ အလုပ်သမား(၆၀) လောက်ရှိတယ်ပြောတယ်။ မိန်းမတွေလည်းပါတယ်။ ရွာကမိဘတွေက ဒီမှာရှိတဲ့သားသမီးတွေကို ဖုန်းဆက်ပြီး ပြောနေတယ်။ ကျမတို့လည်း ပတ်စ်ပို့မလုပ်ရင် မနေရဘူးလို့ သူဌေးက ပြောနေတယ်။ ပတ်စ်ပို့သွားလုပ်တဲ့လူတွေကို ဒီလို ထောင်ချနေတော့ ကျမတို့ ဘာလုပ်လို့ လုပ်ရမယ် မသိတော့ဘူး”

ယခုကဲ့သို့ ဖမ်းဆီးခံနေရမှုများ ဟုတ်/မဟုတ်ကို စုံစမ်းရန်အတွက် မြ၀တီဘက်ကမ်းမှ ပတ်စ်ပို့ ထုတ်ပေးရေရုံးတွင်ရှိသော ဖုန်း (၄)လုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်မည့်သူ မရှိခဲ့ပါ။ မဲဆောက်မြို့မှ ပတ်စ်ပို့အေးဂျင့် ကိုအာနန်းအား မေးမြန်းရာတွင် ၄င်းက “ဖမ်းဆီးမှုမရှိဘူး။ မဟုတ်ဘူး။ တစ်ယောက်မှ ဖမ်းတာမရှိဘူး” ဟု တိုတိုတုတ်တုတ် ဖြေဆိုသွားခဲ့သည်။

ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံများမှ အစိုးရများသည် ၎င်းတို့နိုင်ငံမှ အလုပ်သမားများအတွက် ယာယီပတ်စ်ပို့များကို ထိုင်းနိုင်ငံအတွင်းသို့ လာရောက်လုပ်ကိုင်ပေးသဖြင့် ၄င်းတို့နိုင်ငံသား အလုပ်သမားများမှာ အချိန်ကုန်၊ စရိတ်ကုန်မှု နည်းပါးစွာဖြင့် အဆင်ပြေစွာ လုပ်ကိုင်နေကြသည်။ မြန်မာအလုပ်သမားများမှာမူ မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာမှတ်ပုံတင်ပြသနိုင်ရမည့်အပြင် နေရပ်ရင်းလိပ်စာ အတိအကျကိုပါ ပြောရမည်ဖြစ်သည်။

ပြီးခဲ့သောရက်ပိုင်းက တာချီလိတ်နယ်စပ်သို့ ယာယီပတ်စ်ပို့လုပ်ရန်သွားသော ကရင်အမျိုးသား လင်မယားအား ခင်ပွန်းသည်ကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇနီးဖြစ်သူကို တာချီလိတ်တွင် ထောင်ချထားလိုက်ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

ထိုင်းလုပ်ငန်းရှင်းများကလည်း ယာယီပတ်စ်ပို့လုပ်ကိုင်ရန် မိမိတို့၏အလုပ်သမားများကို နေ့စဉ်တိုက်တွန်း ပြောဆိုနေကြသည်။