နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 7 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

မြန်မာအလုပ်သမားသုံးဦး အသက်ရှူမွန်းကြပ် သေဆုံး PDF Print E-mail
Monday, 31 August 2009 08:36
 

အသက်ရှူမွန်းကြပ်၍ သေဆုံးနေသော အမည်မသိ မြန်မာအလောင်း သုံးလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖေါ်မြို့နယ်၊ မူထိ(၅)တာ မွန်နာခအန်ရွာ၊ အန်နောင်ကျော်လခစ် ဘုန်းတော်ကြီးကျောင်းတွင် ကျုံဖေါ်ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၃ဝ  ရက်နေ့ထိုင်းနိုင်ငံထုတ် ထိုင်းရပ်သတင်းစာအရ သိရသည်။

သြဂုတ်လ (၂၈)ရက် ည(၉)နာရီအချိန်တွင် ဘုန်းတော်ကြီးကျောင်းအနီးရှိ ရွာသားအချို့က ဘုန်းကြီးကျောင်းသို့ အဝင်လမ်း ကီလိုမီတာ(၃ဝ)အကွာ၌   အဆိုပါ အလောင်းသုံးလောင်းကို တွေ့ရှိသဖြင့် ရွာလူကြီး နိုင်ဖနိုန်ကဲမနီက သက်ဆိုင်ရာ ရဲစခန်းအား အကြောင်းကြားခဲ့သည်။ ထို့နောက် ကယ်ဆယ်ရေးကားများဖြင့် ချွန်ဖေါ်ဆေးရုံးကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖေါ်ပြထားသည်။

အမှုလိုက် ရဲအရာရှိ တူချပ်တီလီလပ်ဖုန်က “ဗမာတွေ ဖြစ်နိုင်ပါတယ်။ မှတ်ပုံတင်တွေ စာရွက်စာတမ်းတွေလည်း ဘာမှ မတွေ့ရဘူး။ ဖိနပ်တောင် အလောင်းမှာ မတွေ့ရဘူး။ တင်လာတဲ့ကားက လူသေမှုအပြင် လူကုန်ကူးမှုနဲ့ အရေးယူ ခံရမှာကို စိုးရိမ်တဲ့အတွက် အလောင်းကို အလျှင်အမြန် လာပစ်လိုက်တာ ဖြစ်နိုင်တယ်”ဟု သတင်းတွင် ဖေါ်ပြထားသည်။

ဆေးရုံမှ စမ်းသပ်စစ်ဆေးချက်အရ အဆိုပါ မြန်မာအလောင်းသုံးလောင်းမှာ အလောင်းတွေ့ရှိချိန် မတိုင်မီ (၁ဝ)နာရီခန့်က အသက်ရှူမွန်းကြပ်ပြီး သေဆုံးခဲ့ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

အအေးခန်း ကုန်ကားတစ်စီးက လာရောက်ပစ်ချသွားခြင်း ဖြစ်နိုင်ကြောင်း ရွာသားများ၏ ပြောဆိုချက်ကိုမူတည်၍ ချွန်ဖေါ်အနီး တဝိုက်တွင် ကားပိုင်ရှင်အချို့အပါအဝင် မြန်မာများကို မေးမြန်းစုံစမ်းနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကြပ်တည်းမှုနှင့် အလုပ်အကိုင်ရှားပါးမှုများကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံသို့ ရရာလမ်းကြောင်းမှ နည်းမျိုးစုံဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမားများမှာ အယခုကဲ့သို့ အဖြစ်ဆိုးများ မကြာခဏ ကြုံရလေ့ ရှိသည်။

ပြီးခဲ့သည့် ၂၀၀၈ခုနှစ် ဧပြီလ (၁၀)ရက်နေ့ကလည်း ရနောင်းမြို့မှ ဖူးခက်မြို့သို့ မြန်မာအလုပ်သမား တစ်ရာကျော် သယ်ဆောင်လာသော အလုံပိတ် ကွန်တိန်နာကားပေါ်တွင် အသက်ရှူမွန်းကြပ်သဖြင့် လူ(၅၄)ဦး သေဆုံးခဲ့သည်။