နောက်ဆက်တွဲ

  • del.icio.us: ghrefed
  • Facebook Page: 295287787909
  • Flickr: ghre
  • Twitter: grassrootshre
  • YouTube: ghrefed
  • External Link: ghre.blip.tv

Who's Online

We have 22 guests online

Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။

 

အလုပ်သမား လက်မှတ်အသစ်လုပ်ပေးခြင်းနှင့် အလုပ်သမားများအခွင့်ရေးများအတွက် ဆွေးနွေးပွဲ ပြုလုပ် PDF Print E-mail
Tuesday, 30 June 2009 03:57
 

နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်သမားလက်မှတ်အသစ် လုပ်ပေးမှုအခြေအနေနှင့် အလုပ်သမားများ ရသင့်သည့် အခွင့်အရေးများနှင့် ပတ်သက်သည့် ဆွေးနွေးဟောပြောပွဲတစ်ရပ်ကို ယနေ့တွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငဒေသရှိ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန(GHRE)၊ IOMနှင့် World Vision အဖွဲ့တို့မှ ဦးဆောင်ပြီး တကွန်ပါမြို့နယ်၊ ခေါင်းလတ်ရှိ Andaburi Resort တွင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

GHRE မှ ဒါရိုက်တာ ဦးထူးချစ်က အဖွင့်အမှာစကား ပြောကြားရာတွင် ရွှေ့ပြောင်းအလုပ်သမားများ အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ထိုင်းလူထု မလုပ်ကိုင်လိုသည့် အလုပ်များကို လုပ်ကိုင်နေကြရသော်လည်း ယခုလို အလုပ်သမားလက်မှတ် အသစ်လုပ်ပေးသည့်အချိန်မှာ အခွင့်အရေးကို အမိအရယူပြီး လက်မှတ်များ လုပ်ထားကြရန်၊ မူးယစ်ဆေးဝါး ကိစများနှင့် ပတ်သက်ခြင်းများ မရှိကြရန်နှင့် သူများနိုင်ငံတွင် ဧည့်သည်များ ဖြစ်သောကြောင့် ထိုင်းလူထု၏ သနားကြင်နာမှုကို ရယူပြီး ထိုင်းနိုင်ငံ၏ ဥပဒေများနှင့်အညီ နေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

 

အဲဒီနောက် အလုပ်သမားများ ရသင့်သည့် အခွင့်အရေးများ၊ အလုပ်သမား လက်မှတ်အသစ် ပြုလုပ်ခြင်းနှင့် ကလေးများ၏ ပညာရေးအခွင့်အရေးများနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံလူ့ အခွင့်အရေး ကော်မရှင်အောက်ရှိ တိုင်းရင်းသားလူနည်းစု၊ နိုင်ငံလက်လွတ်၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဌာနေလက်လွတ် တိုင်းရင်းသားများဆိုင်ရာ ဆပ်ကော်မတီ ဒုဥက္ကဌ၊ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မတီနှင့် ရှေ့နေများကောင်စီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ကရင်လေ့လာရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ စင်တာ၏ ဥက္ကဌ Mr. Surapong Kongchantuk မှ အကျယ်တ၀င့် ဆွေးနွေးပေးခဲ့သည်။

အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ကိစများ၊ ဆေးကုသခွင့် အာမခံကဒ် ပြုလုပ်ရာတွင် စစ်ဆေးပေးသည့် ရောဂါများနှင့် ကုန်ကျစရိတ်များအတွက်လည်း ထိုင်းနိုင်ငံရှိ World Vision Foundation မှ Ms Thidarat Tohteb က ရှင်းပြပေးခဲ့သည်။

အဲဒီနောက် Grassroots HRE မှ ရွှေ့ပြောင်းအလုပ်သမား ဖွံ့ဖြိုးရေး ဌာနတာဝန်ခံ ကိုလှဖုန်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းများနှင့် လမ်းညွှန်အမှတ်အသားများနှင့် ပတ်သက်ပြီး ဆွေးနွေးရှင်းပြခဲ့သည်။

ဆွေးနွေးပွဲသို့ ဖန်ငဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ်များ၊ လူထုခေါင်းဆောင်များ၊ NGOs ၀န်ထမ်းများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။