|
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ |
|
|
|
|
Monday, 22 December 2008 03:49 |
|
နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို မဟာမဲခေါင်ဒေသတွင်း အန်ဂျီအိုများကွန်ယက် (MMN)က ဘန်ကောက်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ဒီဇင်ဘာ(၂၁)ရက်နေ့က ကျင်းပခဲ့သော အခမ်းနားတွင် လူ့အခွင့်ရေးကော်မရှင် အိုင်အယ်လ်အိုမှ တာဝန်ရှိသူများ၊ အာဆီယံဒေသတွင်း အလုပ်သမားရေးရာ အကြံပေးအရာရှိ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ၊ ထိုင်းနိုင်ငံဒေသပေါင်းစုံမှ နိုင်ငံတကာအင်ဂျီအိုအဖွဲ့စုံ၊ အလုပ်သမားအရေးဆောင်ရွက်သော သမဂ္ဂများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တစ်ထောင်ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြသည်။ ဤအခမ်းအနားတွင် ထိုင်းနိုင်ငံလူ့အခွင့်အရေး မဟာမင်းကြီးတစ်ဦးဖြစ်သူ မစ္စက် ခွန်ဆူနီက “ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင် ဝိုင်းဝန်းလုပ်ဆောင်သွားမယ် အချင်းချင်းအချိတ်အဆက်မိမိ ဆောင်ရွက်သွားရင် မဖြစ်နိုင်စရာမရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပြီး ရောက်ရှိလာသော မြန်မာအလုပ်သမားများကို တွေ့ဆုံနူတ်ဆက်အားပေးစကားများ ပြောကြားသွားခဲ့သည်။ |
|
Read more...
|
|
|
ဘန်ကောက်မြို့လယ် ဈေးကြီးအတွင်း မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ |
|
|
|
|
Saturday, 20 December 2008 08:47 |
|
ဘန်ကောက်မြို့လယ်တွင်ရှိသော (တလာဘောဘေး- Boe bae) ဈေးအတွင်း လည်ပင်းကို သေနတ်ဖြင့် ပစ်သတ်သဖြင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေးဆုံးခဲ့သည်။ ဒီဇင်ဘာ ၁၉ ရက်နေ့နံနက်၅ နာရီကျော်ခန့်က အဆိုပါဈေးတွင် ဈေးရောင်းသည့် မနန်းခူးမူး အသက်၂ဝ ရှိသူသည် ဈေးဆိုင်ဖွင့်ရန်လာခဲ့သည်။ ဈေးအတွင်းတွင် အမျိုးသားတစ်ဦး အနားကိုရောက်လာ၍ အချေအတင်စကားပြောဆိုခဲ့ကြပြီး လူသတ်သမားက နန်းထူးမူး၏ လည်ပင်းကို သိုင်းဖက်လျှက် ယာဘက်လည်ပင်းကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။ |
|
Read more...
|
|
လုပ်ငန်းရှင်က အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်)အတု လုပ်ပေးထား၍ အလုပ်သမားများ ထောင်ဒဏ်ချမှတ်ခံရ |
|
|
|
|
Wednesday, 17 December 2008 08:51 |
|
ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဖလန်ဆောင်နယ်မြေအတွင်း ပိုက်ဆံအိတ် အမျိုးမျိုးချုပ်လုပ်သော စက်ရုံတစ်ရုံမှ မြန်မာအလုပ်သမားများအား ယမန်နေ့က အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (ဘတ်)အတု ကိုင်ဆောင်မှုဖြင့် ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်သည်။ အသက်၁၅နှစ်မှ ၁၈နှစ်အတွင်း အမျိုးသမီး အလုပ်သမား (၁၃) ဦးနှင့် အမျိုးသား အလုပ်သမား(၂) ဦးတို့အား ဘန်ကောက်မြို့  အယ်ကရှိုင်းလမ်းရှိ ၀ပ်စင်ဘုန်းကြီးကျောင်းအနီး စံထော်ဘူလီတရားရုံးမှ ယမန်နေ့ နေ့လည်က ထောင်ဒဏ် (၄)နှစ်နှင့် (၆) လချမှတ်လိုက်သည်။ |
|
Read more...
|
|
နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူများအား တင်ဆောင်လာသော ကားတစ်စီးတိမ်းမှောက်သဖြင့် ခရီးသည်များသေဆုံး |
|
|
|
|
Monday, 15 December 2008 08:55 |
|
ယနေ့နံနက်က ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီ အန်ဖေစိုင်ယုတ်အနီးတွင် အလုပ်သမားခရီးသည်များတင် ဆောင်လာသော ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာများသေးဆုံးခဲ့ပြီး တချို့ကိုဆေးရုံတင်ထားရကြောင်း သိရသည်။ ယနေ့နံနက်(၆)နာရီကျော်ခန့်က မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ မောင်းနှင်လာသော ကားတစ်စီးအား ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့မှ လိုက်လံတားဆည်းစဉ် ကားကိုရပ်မပေးဘဲ မောင်းပြေးခဲ့သဖြင့် ကားမောင်းသမား ထိုင်းလူမျိုးတစ်ဦးနှင့် မြန်မာ(၇)ဦး ပေါင်း လူ(၈)ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ |
|
Read more...
|
|
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများနေ့ ဂုဏ်ပြု သွေးလှူ |
|
|
|
|
Monday, 15 December 2008 03:41 |
|
ဒီဇင်ဘာ၁၈ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ဘန်ကောက်မြို့ ချူလာ ဗဟိုအမျိုးသားသွေးလှူဘဏ်တွင် သွေးလှူဒါန်းပွဲတစ်ရပ်ကို မနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြသည်။ ယခုသွေးလှူပွဲကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် ရခိုင်အလုပ်သမားသမဂ္ဂတို့က ဦးဆောင်ခဲ့ပြီး အလုပ်သမား(၅၀)ကျော် ပါဝင်ဆင်နွဲခဲ့ကြသည်။ သွေးလှူပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်သော ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့(ဘန်ကောက်)မှ ကော်မီတီဝင် ကိုအောင်မြင့်သိန်းက “အလုပ်သမားတွေအပေါ်မှာ တချို့ထိုင်းလူမျိုးတွေ အမြင်မရှင်းလင်းကြဘူး။ ကျနော်တို့စေတနာ မနည်းတဲ့အကြောင်းပြတာပါ။ ကိုယ်ဝန်ရှိကြသူတွေနဲ့ ညအိပ်ရေးပျက်ထားသူတွေ ဆယ်ယောက်လောက် မလှူခဲ့ရပါဘူး” ဟုပြောသည်။ |
|
Read more...
|
|
|
|
|
<< Start < Prev 51 52 53 54 55 56 57 58 59 60 Next > End >>
|
|
Page 57 of 74 |