Who's OnlineWe have 7 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
Grassroots Human Rights Education & Development
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||





ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ကြီးမှူး၍ ထိုင်းနိုင်ငံ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာန၏ လက်ရှိကျင့်သုံးနေသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးဟောပြောပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွာပါ မြို့နယ်၊ ခီးခပ်တိုက်နယ်ရှိ ဆန်စောင် လူထုစုဝေးရာခန်းမတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
မြန်မာတွေအတွက်အတွက် ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ ဘ၀ဟာ သိပ်တော့ လွယ်ကူလှသည် မဟုတ်ချေ။ ဒါပေမယ့် အခု ထုတ်ပြန်လိုက်တဲ့ ဥပဒေ အသစ်က ပိုပြီး ခက်ခဲစေပါသည်။ ၂၀၁၀ ခု ဇွန်လ ၂ ရက် နေ့မှာ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝက တရားမ၀င်အလုပ် လုပ်ကိုင်နေသော နိုင်ငံခြားသား အလုပ်သမားများကို နှိမ်နှင်း၊ ဖမ်းဆီး၊ အပြစ်ပေးနိုင်ရန် အထူးစင်တာ တစ်ခုကို တည်ထောင်လိုက်သည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတဦး ထိုင်း ထီဆုကြီး ပေါက်သဖြင့် ဘတ်ငွေ (၂၈)သန်း ထုတ်ယူသွားပြီ ဖြစ်ကြောင်း ထိုင်းရတ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
ထိုင်းနိုင်ငံ၊ ရေလုပ်ငန်းများတွင် လူကုန်ကူးခံနေရသည့် ရွှေ့ပြောင်း အလုပ်သမားများအား နေထိုင်ခွင့် လက်မှတ်လုပ်ပေးရေးနှင့် လူကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို လာမည့် သြဂုတ်လတွင် စတင်လုပ်ကိုင်နိုင်လိမ့်မည်ဟု သိရသည်။
မြန်မာနိုင်ငံ တောင်ပိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ကမ်းနားလမ်း၊ ပေါက်ခေါင်း လှေဒေါက်အနီးရှိ ခြံဝင်းကျယ်တစ်ခုတွင် မြန်မာအလုပ်သမားများအတွက် ယာယီပတ်စ်ပို့ ထုတ်ပေးသည့် ရုံးတခုအား ယနေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။