Who's OnlineWe have 12 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
Grassroots Human Rights Education & Development
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||





အပြည်ပြည်ဆိုင်ရာ လူမျိုးစုများနေ့ ပွဲတော်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်ရှိ NGOs အဖွဲအစည်းများက ဦးဆောင်ပြီး တကွန်ပါမြို့နယ်၊ ဆန်ဆောင် လူထုစုဝေးရေး ခန်းမတွင် ယမန်နေ့က ကျင်းပခဲ့သည်။
ထိုင်းရဲများက ရှောင်တခင် ၀င်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့သဖြင့် လက်မှတ်မရှိသော ရွှေ့ပြောင်းအလုပ်သမား (၁၀၀၀)ကျော် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ စုပေါင်းလှူဒါန်းပြီး လုပ်အားဒါန ပေးလှူခဲ့သည့် ဘုန်းတော်ကြီးကျောင်း ရေးစက်ချပွဲနှင့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒန်းပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ ဘန့်နမ့်ခင်းကျေးရွာတွင် ယနေ့ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖန်ငခရိုင်၊ တကွာပါမြို့ အကျဉ်းထောင်ရှိ အကျဉ်းကျခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်နှင့် အဖွဲ့က ယမန်နေ့ နေ့လည်(၁)နာရီက သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့သည်။