Who's OnlineWe have 9 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
ဆောင်းပါးများ
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||





ထိုင်းနိုင်ငံဟာ၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ပုဇွန်မွေးမြူပြီး၊ နိုင်ငံရပ်ခြား တိုင်းပြည်တွေကို တင်ပို့နေတဲ့ အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်
ကျွန်တော် UCSM ကို ရောက်ခဲ့တာ ၂၀၀၉ခုနှစ် နိုဝင်ဘာလမှာ။ ကျွန်တော့်ရဲ့ စိတ်ကူး ပုံရိပ်တွေထဲက UCSM က ကျွန်တော့် အနာဂတ် ရင်သွေးကို မွေးထုတ်ပေးမယ့် မိခင်လောင်း တစ်ဦးပေါ့။ သြော်…… UCSM ဆိုတာက မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းရဲ့ တောရွာကလေး တစ်ခုဖြစ်တဲ့ ဒဟတ်တောရွာမှာ တည်ဆောက်ထားတဲ့ ကွန်ပျူတာ တက္ကသိုလ် (University of Computer Studies, Mandalay- UCSM) ကို ပြောတာပါ။
ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင်၊ ခီးခတ်ကျေးရွာမှာရှိတဲ့ ထိုင်းအစိုးရ ဘောလုံးကွင်းထဲမှာ ၂၀၁၀ ခုနှစ်က ကမ္ဘာဖလား ဘောလုံးပွဲမှာ သီဆိုခဲ့တဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဘောလုံး သီချင်းသံဟာ ၀ဲပျံ ပြန့်လွင့်နေ ပါတယ်။ တေးသီချင်းသံနဲ့အတူ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးေ
ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အစိုးရတို့ အကြား တရားဝင် အလုပ်သမား တင်ပို့တဲ့ အစီအစဉ် စတင်နေပေမယ့် မြန်မာ အလုပ်သမားတွေ အတွက်တော့ အခက်အခဲတွေ ပြီးဆုံးသွားတာ မတွေ့ရပါဘူး။ အထူးသဖြင့် ကော့သောင်းကနေ ရနောင်းဘက်သို့ အပို့ ခံခဲ့ရတဲ့ အလုပ်သမားတွေ အထဲမှာ အခက်အခဲ အမျိုးမျိုး ကြုံနေရသူတွေ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ကျပ်ငွေ ငါးသိန်းနဲ့အထက် အကုန်အကျခံပြီးတော့ တရားဝင် လာခဲ့ကြပါလျှက် ရန်ကုန်၊ ကော့သောင်းမှာရှိတဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ပွဲစား ကုမ္ပဏီတွေ၊ ထိုင်း-မြန်မာ နယ်စပ်က မြန်မာနိုင်ငံကူး စာအုပ် ထုတ်ပေးရေး အစိုးရ ၀န်ထမ်းတွေနဲ့ ထိုင်းက ပွဲစားကုမ္ပဏီတွေ ပူးပေါင်းပြီးတော့ တရားဝင် လူကုန်ကူး နေကြတာကို ကိုယ်တိုင် ခံနေကြရတဲ့ မြန်မာ အလုပ်သမားတွေက ပြောပြကြပါတယ်။