Who's OnlineWe have 3 guests online
Foundation for Education and Development (Formerly Grassroots HRE) သည် ထိုင်းနိုင်ငံရှိ မြန်မာပြည်သူများ အတွက် ပညာရေး၊ လူ့အခွင့်ရေးနှင့် လုံခြုံ စိတ်ချစွာ အလုပ်လုပ် ကိုင်ရသည့် အခြေ အနေများ ဖွံ့ဖြိုး မြင့်မားရေးအတွက် လုပ်ကိုင် နေသည် ။ ကျနော်တို့ စီမံကိန်းသည် လောလော ဆည်ဆည်၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူနာမီ ဒဏ်ခံရသည့် ဒေသရှိ မြန်မာ ပြည်သူများ၏ လူမှုဖူ လုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထား ဆောင်ရွက် နေသည်။ ဤ ရည်မှန်းချက်များ အောင်မြင်ရန် ကျနော်တို့သည် ဒေသဆိုင်ရာ အဖွဲ့ အစည်းများနှင့်၎င်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်၎င်း ပူးပေါင်း ဆောင်ရွက် နေပါသည်။
|
Grassroots Human Rights Education & Development
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||





ဧပြီလ(၁)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ထောက်ခံမဲ ပေးကြရန်နှင့် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေး အခြေအနေများကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများ သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ (၂၇၊၀၁၊၂၀၁၂)ရက်နေ့၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်၊ တကွာပါမြို့နယ်၊ ဘန်နီးယားကျေးရွာရှိ ကိုယ်ထူကိုယ်ထ ဆုံဆည်းရာ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံဟာ၊ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ပုဇွန်မွေးမြူပြီး၊ နိုင်ငံရပ်ခြား တိုင်းပြည်တွေကို တင်ပို့နေတဲ့ အကြီးဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်
ဘန်ကောက်မြို့ အရှေ့မြောက်ဘက် (၂၅၅) ကီလိုခန့် အကွာတွင်ရှိသော ခခေါ်လတ်ကျစီမတ် (ခိုလပ်မြို့) ရဲစခန်းတွင် မတရားဖမ်းဆီးခြင်း ခံထားရသော ရွှေ့ပြောင်းမြန်မာအလုပ်သမား(၁၆)ဦးအား ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့(BAT)နှင့် ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)တို့က ထိုင်းရှေ့နေ အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းကာ ကူညီကယ်တင် လိုက်ခြင်းဖြစ်သည်။
ဧပြီလ(၁)ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆာင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ၊ ကြားဖြတ် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံမဲ ပေးကြရန်နှင့် လက်ရှိ ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင် စားသောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများအား သိရှိနိုင်ရန်၊ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးဆောင်၍ (၂၄၊၀၁၊၂၀၁၂)ရက်နေ့၌ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင်တွင် ပြုလုပ်ခဲ့သည်။
ကျွန်တော် UCSM ကို ရောက်ခဲ့တာ ၂၀၀၉ခုနှစ် နိုဝင်ဘာလမှာ။ ကျွန်တော့်ရဲ့ စိတ်ကူး ပုံရိပ်တွေထဲက UCSM က ကျွန်တော့် အနာဂတ် ရင်သွေးကို မွေးထုတ်ပေးမယ့် မိခင်လောင်း တစ်ဦးပေါ့။ သြော်…… UCSM ဆိုတာက မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းရဲ့ တောရွာကလေး တစ်ခုဖြစ်တဲ့ ဒဟတ်တောရွာမှာ တည်ဆောက်ထားတဲ့ ကွန်ပျူတာ တက္ကသိုလ် (University of Computer Studies, Mandalay- UCSM) ကို ပြောတာပါ။